
ဆရာနေဝင်းမြင့် ၊ ဆရာ ဟိန်းလတ် အမှာစာများနှင့်
- ချောအိမာန်(မန္တလေး) ၏ Memory မိုးစက်များ( ဆောင်းပါး စုစည်းမှု )
- Moe Mahn Publishing House ၏ တတိယမြောက် စာအုပ်
- ဖြန့်ချိရေး ( မျိုးဆက်သစ် - ရန်ကုန် )
- ( ရာပြည့် - မန္တလေး )
- (ညို - မန္တလေး )
- ( ထွန်းဦး - မန္တလေး )
ကျေးဇူးတင်လွှာ
ပရိသတ်များက ဆောင်းပါးတွေကို စုစုစည်းစည်းလေး ဖတ်ချင်တဲ့ ဆန္ဒရှိပြီး ကိုယ်တိုင်လည်း ဂျာနယ်၊ စာမျက်နှာ ပြင်ပေါ်မှာ ဟိုတစက်၊ ဒီတစက် ဖြစ်နေတဲ့ ဆောင်းပါး အပုဒ်တွေကို စိတ်ကြိုက် ရွေးစုပြီး၊ စာအုပ်ထုတ်ချင်ခဲ့တယ်။ ဒါကြောင့် Memory မိုးစက်များ ဆောင်းပါး စုစည်းမှု စာအုပ်ကို ဖန်တီး ဖြစ်ခဲ့ရပါတယ်။
ဒီစာအုပ်မှာ လူပုဂ္ဂိုလ်များအနေနဲ့ စာရေးဆရာမြသန်းတင့်၊ ဆရာမာန်မြင့်၊ ဆရာ ချစ်ဦးညို၊ ကဗျာဆရာ မောင်ခိုင်မာ၊ ပန်းချီဆရာကြီး ဦးခင်မောင်ရင် တို့ရဲ့ ပုံရိပ်များ အပါအဝင် အခြား ဆောင်းပါး စုစည်းမှုများ ပါဝင်ပါတယ်။
Memory မိုးစက်များ စာအုပ်မျက်နှာဖုံးစာစီ အတွင်း၊ အပြင် ဒီဇိုင်းကို မမိုးသူဇာ(အောင်ပါစေ) စာပေ မန္တလေးက ပုံဖော်ပေးပြီး Moe Mahn Publishing House မှ ထုတ်လုပ် ဖြန့်ချီတာ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အမှာစာရေးပေးခဲ့ကြသော ဆရာ နေဝင်းမြင့်၊ ဆရာဟိန်းလတ် နှင့် ကျွန်မရဲ့ ဆောင်းပါးများကို နေရာပေး ဖော်ပြပေးခဲ့ကြသော အလင်းတန်းဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ ရနံ့သစ်မဂ္ဂဇင်း၊ ဖူးငုံ(teen) မဂ္ဂဇင်း တို့ မှ အယ်ဒီတာများကိုလည်း အထူးကျေးဇူးတင်ပါတယ်…။
ဤဆောင်းပါးစုစည်းမှုတွင် ပါဝင်ဆက်နွယ်ခဲ့ကြသော…
- ဆရာတော် အရှင်ဆန္ဒာဓိက
- ဆရာတော် ရဝေနွယ်(အင်းမ)
- ဆရာတော် ရှင်အာစာရာလင်္ကာရ(ကိုးဘွဲ့ရဆရာတော်)
- ဆရာတော် ဦးကောဝိဒ (စစ်ကိုင်း)
- ဆရာ မြသန်းတင့်
- ဆရာ မာန်မြင့်
- ဆရာ မောင်ခိုင်မာ
- ပန်းချီ ဆရာကြီး ဦးခင်မောင်ရင်
- ဦးကိုကို (ကံတောင်)
- ရွှေဘို (တရောတောမှ ဦးပဇင်း)
- ဆရာ ညိုထွန်းလူ
- ကိုနေဝင်းအောင်(နှင်းဝေနေဝင်း)စာပေ
- မမိုးသူဇာ (အောင်ပါစေ)စာပေ
တို့ကို အထူးကျေးဇူးတင်ပါတယ်။

ဇန်နဝါရီလ လယ်မှာ ပရိသတ်လက်ထဲ အရောက်ပို့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ချောအိမာန်(မန္တလေး)
4 comments:
အဖုံးလေးရော.. ခေါင်းစဉ်လေးရော ဆွဲဆောင်မှု တအားရှိတယ်..။ စာတွေကတော့ ဖတ်နေကြမို့ ထူးပြောစရာမလိုတော့ဘူး...။
စာအုပ်လေးဝယ်သိမ်းဦးမယ် ဆရာမရေ..။
အားပေးဖို့..စောင့်နေပါ့မယ်ရှင်
ဆရာမကိုယ်တိုင်.လက်မှတ်ထိုးပေးမယ့်
အစီအစဉ်ကော.ရှိပါသလားသိပါရစေ
လေးစားလျှက်
မိစံ
Great Job Chaw!
Please share your articles at your blog.
Moe....
အရမ်းဖတ်လို့ကောင်းတဲ့ စာအုပ်လေးတစ်အုပ်ပါပဲ ဆရာမ။ လေးစားချီးကျူးမိပါတယ်။ ကျွန်တော်တို့လို လူငယ်တွေအတွက် ဒီလိုစာမျိုးတွေ များများလိုအပ်ပါတယ်။ နောက်ထပ် နံပါတ် ၂ လည်း ထုတ်ပါဦးနော်... စောင့်မျှော်လျက်...
ဂျွန်မိုး
Post a Comment