Friday, February 26, 2010

အဆိပ်ချို

trees၄။ အဆိပ်ချို

သစ်ပင်ပေါ်က ... ခပ်လိပ်လိပ်

အရွက်တစ်ရွက် ... ကြွေကျတာတောင်

ခံစားချက်နေ့ရက်နဲ့ ... တိုက်ဆိုင်မိတော့

အလိုလိုဝမ်းနည်းခဲ့မိတယ် ... ။

အလွမ်းတွေကို ပန်းကြဲပြီး

တအိအိ ပြိုဆင်းလာတဲ့

သက္ကရာဇ်တွေကို

ပြန်ကာ တွက်ကြည့်တော့

ငါတို့ ချစ်တာ ဒီဇင်ဘာ

ငါတို့ ချစ်တာ ဖေဖော်ဝါရီ

လတွေ အများကြီးရှိပေမဲ့

ရွေးချယ်ခဲ့ ကြတော့ ဘာဆန်းလဲ

ဒီဇင်ဘာကို ခဲဖျက်နဲ့ ဖျက်လို့မရ

ဖေဖော်ဝါရီကို တံခါးပိတ်ထားလို့ မရ

အနုပညာလို ဇာတ်ကောင်တွေနဲ့

လျော့တွက်ရင်း ... ဟန်ဆောင်နေကြရ

တကယ်တော့ လူမသိ ၊ သူမသိ

အဆိပ်ချို ချစ်ခြင်း တွေအောက်

ဒူးထောက် အရှုံးပေးနေကြရတာကို

ဘယ်သူတွေ သိကြမှာလဲ .... ။

``ပန်းသီးရည်နဲ့ လိမ်းကျံထားတဲ့ နှုတ်ခမ်း တစ်ခုရဲ့ ဒိုင်ယာရီ``


ချစ်သူများနေ့ ကဗျာ စာအုပ် ... မှ


14.2.07



ချောအိမာန် ( မန္တလေး )

Tuesday, February 16, 2010

ပင်ချစ်သူ

12

အကြောထနေတဲ့ လက်ချောင်းများနဲ့ မြေနီကြမ်းများကို ဆုပ်ကိုင်လိုက်တယ် … မြေသားတွေဟာ အရင်လို အဆီအနှစ်နဲ့ ကျစ်လစ်မှု မရှိတော သလို လက်ထဲမှာ ပွပြီး အစိတ်စိတ်အမွှာမွှာ ခြေလို့ရနေပြီ…

တစ်ချိန်တုန်းက သည်မြေသားတွေပေါ်မှာ …

အပင်ပေါင်းများစွာ စိုက်ပျိုးခဲ့သူ ….

အသီးပေါင်းများစွာကို သီးစေခဲ့သူ …

အပွင့်ပေါင်းများစွာကို ပွင့်စေခဲ့သူ …

ကိုယ့်ရဲ့စိတ်တွေကို လှစေခဲ့သူ …

ကိုယ့်ပတ်ဝန်းကျင်ကို လှစေခဲ့သူ …

ကမ္ဘာသိအောင်ထိ လှစေချင်ခဲ့သူလေ …စွယ်တော်

ကိုယ့်ခြံကထွက်တဲ့ အသီးတွေကို ဘယ်ခြံတွေနဲ့ပြိုင်ပြိုင် အရည်အသွေးက တမူထူးခြားစေခဲ့တယ်၊ ဒီလိုပဲ ကိုယ့်ခြံထဲက ပန်းတွေရော ရောင်းတန်း မှာ ဈေးအလှဆုံး ဖြစ်ခဲ့တာမဟုတ်လား ..... ၊ ကိုယ့်ရဲ့ ဒီခြံ ဒီမြေ နဲ့ ဆယ်နှစ်ကျော် ကွဲကွာပြီးတဲ့နောက်ပိုင်းမှာ ခု ကိုယ်ပြန်တွေ့ရတာ တွေနဲ့ တစ်ခြားစီပါလား လို့ စသိလိုက်ရတဲ့ နေ့က ရင်ထဲ အတော် ၀မ်းနည်းသွားခဲ့တယ်။

ကိုယ်နဲ့ အပင်တွေ မခွဲခွာမီက စိုက်ပျိုးခဲ့တဲ့ စွယ်တော်ပင်တစ်တန်းကြီး နေရာမှာ နှစ်ထပ်တိုက် အဆောက်အဦး ခပ်ကြီးကြီး တစ်ခုက အစားထိုးဝင်ရောက်နေတယ်။

ဒီအိမ်ဟာ သားကြီးရဲ့ အိမ် မယုံနိုင်စရာ ကောင်းလိုက်တာ … ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်မြေယာပေါ်မှာ လွမ်းစရာကောင်းလှတဲ့ ရှမ်းရိုးမကြီးနဲ့အတူ ကိုယ် သူတို့တွေရဲ့ အဖေကို တမ်းတမိတယ်။

သူဟာ  ကိုယ့်အတွက်လင်ယောက်ျားပေမယ့် တိုးတိုးဖော် သူငယ်ချင်းတစ်ယောက်လိုလည်း ဆက်ဆံခဲ့တယ် ။ သူ့အပေါ်မှာ တစ်စုံတစ်ရာ အပြစ်လုပ်ခဲ့ရင်တောင် အပြစ်မယူတက်တဲ့ အပြစ်မမြင်တက်တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းကောင်းလို တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ဖြစ်ခဲ့တယ်။

1

ချယ်ရီတွေကို သူ အင်မတန်မြတ်နိုးတယ်။

သူဟာ ပန်းများကို ပွင့်စေခဲ့သူပါ … ဒီမြို့လေးမှာ အရင်ကဆို ၀င်လာလိုက်ရင် ချယ်ရီပင်တန်းအပြည့်၊ ချယ်ရီပွင့်ချိန်ဆိုရင် အစည်းတွေ စည်းပြီး အောက်ဆင်းရောင်းကြရတယ်၊ ခုတော့ … မြို့လေးအ၀င်မှာ ချယ်ရီပင်တွေ ရှားသွားသလို ကိုယ့်ခြံထဲမှာ သူနဲ့အတူစိုက်ခဲ့တဲ့ ချယ်ရီပင်တွေ တစ်ပင်မှ မရှိတော့ဘူးဆိုတာ သူသိခဲ့ရင် ဘယ်လောက်များ စိတ်ထိခိုက်လေမလဲ အပင်ကသေသွားတာမဟုတ်၊ တကယ်တော့ ကိုယ့်တို့နှစ်ယောက်လုံးရဲ့ သွေးစက်တွေမပါတဲ့ … သားတွေရဲ့ အတ္တနဲ့ လောဘတွေကြောင့် ကိုယ်တို့ရဲ့ အပင်တွေ ပျောက်ဆုံးခဲ့ရပြီ ….

တကယ်တော့ ဒီအပင်တွေကြောင့် နွေရသီဆိုရင်မပူပဲ လေအေးတွေနဲ့  နေလို့ကောင်းတဲ့ ရာသီဥတုလေးကို ပိုင်ဆိုင်နေရတာ ကိုယ့်ခြံမှာ ၀င်ရောက်လာသူတိုင်း ပြန်မထွက်သွားချင်အောင် စည်းရုံးနိုင်ခဲ့တာ … ဂန္ဒာမာနဲ့  တောပန်း ၀ါဝါလေးတွေကြား ၊ မယ်ဇလီနဲ့ ဘောစကိုင်းပင်တွေကြား ၊ စွယ်တော်ပွင့် ပန်းရောင်တွေကြား ဖြတ်သန်းလာတဲ့ လေ တွေကို ကိုယ်တို့က မနက်တိုင်း တခုတ်တရ ရှုကြရတယ်၊ ခုတော့ ဒီနေရာ ဒီလေတွေအစား ကိုယ်ရှူနေရတာ သားငယ်ရဲ့ စက်ရုံ တစ်ခုထဲက ထွက်လာတဲ့ အနံ့ အနောက်ဖက်မှ ကြည်လင်နေတဲ့ တောင်ကျချောင်းရေ မြောင်း ပေါက်လေးရှိတယ် ……။

ကိုယ်အဲဒီနေရာလေးကို ရောက်တော့ အလွန်ဘဲ အံ့သြသွားတယ်။ ကိုယ်မြင်နေကျ ကြည်လင်နေတဲ့ ရေတွေအစား သားငယ်ရဲ့ စက်ရုံကထွက်လာတဲ့ ရေနီတွေဟာ ဒီချောင်းလေးထဲကို တဝေါဝေါ စီဆင်းနေပြီး ဘာအနံ့မှန်း မသိတဲ့ အနံ့တွေရနေတယ်….

ဒီရေနီတွေက အောက်ဘက်ကို စီဆင်းပြီး ဒီရေကို အသုံးပြုနေတဲ့ လူတွေအတွက် အကျိုးများစွာထိခိုက်နေပြီ၊ ဒီရေနဲ့ သစ်ပင်လောင်းရင် မကောင်းတာတွေများလာမယ်၊ ဒီရေကို မသိလို့ သောက်သုံးမိသူဆိုရင် … အို ….

အန္တရာယ် အကြီးကြီးပါလား … တွေးရင်း ခေါင်းတွေတောင်ကြီးသွားခဲ့တယ် …

နောက်ဆုံး အညစ်ကြေးရေတွေစွန့်ပစ်ရာ ရေနီမြောင်းကြီးလိုဖြစ်သွားတော့မယ် … ဒီကိစ္စ သားငယ်ကို သေချာပြောဖို့ ဆုံးဖြတ်လိုက်တယ် …

ကိုယ်ခုရပ်နေတဲ့ နေရာလေးကနေ တောင်ဘက်ကို ကြည့်လိုက်တော့ ကြည့်စမ်းပါဦး  မီးခိုးခေါင်းတိုင်ရှည်ကြီးတစ်ခု မီးခိုးတွေထွက်လို့ … ကျောက်ခွဲစက်ကထွက်လာတဲ့ အမှုန့်တွေ ၊ အသံတွေ ၊ နောက် … ကြေးကြိုတဲ့နေရာ ပုံစံခွက်တွေနဲ့ ကြေးပစ္စည်းတွေ သွန်းလုပ်တဲ့နေရာ … ဒါတွေကို ဦးစီးနေတာ ကိုယ့်သားကြီး ၊ အဆောက်အဦးတွေများစွာ ဆောက်ထားသလို … ကိုယ့်မြေယာတွေကို ပေါင်မုန့်လှီးသလို နှစ်ခြမ်းခွဲ အလိုရှိသလို စီမံပြီး ချနေကြတာ … ကိုယ် ဆယ်နှစ်ခရီးသွားခိုက်ပေါ့ …

ကိုယ့်မှာတော့ အပင်တွေကို လွမ်းရ ဘယ်လောက်ကြီးပြီလဲ တွေးရနဲ့ ဂရုစိုက်မယ့်သူရှိပါ့မလား စဉ်းစားရနဲ့ …

ဆယ်နှစ်စာ ခရီးရဲ့ ဒီဘက်မှာ မမျှော်လင့်တာ တွေကို တွေ့လိုက်ရတော့ ကိုယ့်မှာ အံ့သြမှင်သက်လို့ မဆုံးနိုင်ဘူး … လောဘဇောတက်နေကြတဲ့ ညီအစ်ကို နှစ်ယောက် မိသားစုရဲ့ ကြားမှာ ကိုယ့်မြေဟာ အပိုင်းပိုင်းလှီးဖြတ်ခံရတယ် .. ပြီးတော့ ဒီညီအစ်ကို နှစ်ယောက် မိသားစုဟာ  စကားမပြောကြဘူးတဲ့ ။

ကိုယ့်ရဲ့ ချယ်ရီပင်ပန်းတွေ ပါသွားတဲ့ သားကြီးရဲ့ မြေမှာ …

မေးကြည့်တော့ ---

``အမေ ချယ်ရီပင်တွေက ပွင့်ချိန်လောက်လှတာဘဲ မြင်ကြတာ၊ ခူကြိုက်တယ် တစ်ပင်လုံးရော၊ အပင်အောက်မှာရော ခူတွေချည်းဘဲ၊ အဲဒီအပင်အောက်ဖြတ်တောင် မဖြတ်ရဲဘူး …  လေတိုက်တိုင်း ခူတွေကပြုတ်ကျနေတာ၊ အန္တရာယ်များတယ်၊ ကျွန်တော့်ကလေး အမေ့မြေးတွေက အဆော့ချည်းဘဲ အဲဒီအပင်တွေအောက်ဘဲ သွားနေကြတာ ၊ အိမ်ကကောင်မလေးတစ်ယောက် သူ့ရွာမှာ ခူကိုက်တုန်းက ပြည်တည်နာ အကြီးကြီး ဖြစ်လာပြီး ခူမွှေးတွေကို ခွဲတောင်ထုတ်ယူရတယ် ဆိုတော့ ကျွန်တော် တော်တော်လန့်သွားတယ်၊ ကလေးတွေ အသားက နုနုလေးရယ် ခူမွှေးတွေက စိုက်မိရင် မလွယ်ဘူး၊ အမေ့လို ဒီအပင်တွေကို ဘယ်သူမှ ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်စီးပွားနဲ့ကိုယ် လုံးလည်ရိုက်နေတာ ဒါကြောင့် ခုတ်လိုက်တာ၊ ခုတော့ အမေ့မြေးတွေလည်း လွတ်လွတ်လပ်လပ် စိတ်ချလက်ချ ဆော့လို့ရသွားတာပေါ့ ။

သားကြီးရဲ့ အဖြေမှာ အမေ့မြေးတွေ ၊ အမေ့မြေးတွေ ဆိုတဲ့ စကားလုံး လှလှလေးက ပါနေတော့ ကိုယ့်ဟာခေါင်းငြိမ့်ပြီးတော့ ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်သွားရတယ်။

ကိုယ်မြင်နေကြ စိမ်းစိုစို အပင်တွေကို မတွေ့ရတော့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်တောင် ပြောင်းလဲသွားသလို ခံစားရတယ်၊ တစ်ကယ်တော့ အပင် ဆိုတာ လေစစ်ကြီးတစ်ခုပါ ၊ …. အရင်ကဆိုရင် ရှူရှိုက်လိုက်တိုင်း သန့်ရှင်းလတ်ဆတ်နေတယ်၊ ခုတော့ မင်းတို့ရဲ့ အလုပ်က ထွက်လာတဲ့ ဘာဘာညာညာ အနံ့တွေကြောင့် လေထုဟာ ညစ်ညမ်းနေပြီး ၊ စစ်ထုတ်ပေးမယ့် လေစစ်တွေ ပါးကုန်ပြီ ၊ ခြံတောင့်မှာ စွယ်တော်ပင်လေးတစ်ပင် ငုတ်တုတ်ကျန်ရစ်နေတယ် …

ကိုယ်နေခဲ့တဲ့မြို့လေးမှာ ထ၀ရ ဒီအတိုင်း စိမ်းစိမ်းစိုစိုလေး မြင်ရမယ်လို့ ထင်ခဲ့မိတာ ကိုယ့်အမှားဘဲ ၊ အမေ့လက်နဲ့ စိုက်ပျိုးခဲ့တဲ့ ဒီအပင်၊ ဒီမြေတွေကို ဆက်လတ်ထိန်သိမ်းဖို့ မကျိုးစားဘဲ မင်းတို့ကိုယ်တိုင် ရိတ်သိမ်းခြင်းခံလိုက်ရတာကို အမေ့ရင်ဘတ်နာပါတယ်၊ ဧကများစွာ ကျယ်ဝန်းတဲ့ ဒီမြေမှာ နေခွင့်ရဖို့ ၊ လုပ်ချင်တာ လုပ်ခွင့်ရဖို့ ညီအစ်ကို နှစ်ယောက် သေမတက် စကားတွေများကြ ၊ အမှု့လုပ်ကြနဲ့ ၊ နောက်ဆုံးတော့ အမေ့ကိုတောင် တစ်ခွန်း မဟ ခဲ့တဲ့ ဒီမြေမှာ ခွဲဝေမှုတွေ ပြုပြီး လုပ်ချင်တိုင်းလုပ်ခဲ့တာ ။

ဟိုဘက်ကလဲဘဲ လမ်းကြီးဖောက်မယ်ဆိုတော့ သားကြီးဘက်က မြေ သုံးပုံ တစ်ပုံ ပါသွားခဲ့တယ်တဲ့ … ဒါကို သားငယ်က ကျိတ်သဘောကျလို့ တဲ့ အချင်းချင်းဖြစ်နေကြတာ ၊ ကြားမကောင်းစရာ ၊ ဒါတောင် ကြားလူမပါသေးဘူး၊ မိန်းမအချင်းချင်းကလည်း မတည့်နဲ့ သူတို့ချင်း မတည့်တော့ ကလေးတွေကို ခွဲခြားထားတယ်။

သားကြီးက ယောက်ျားတစ်ယောက် မိန်းကလေး နှစ်ယောက်၊ သားငယ်က မိန်းကလေးတစ်ယောက် ယောကျာ်းလေးတစ်ယောက် …

ကိုယ်ဟာ ချစ်စရာကောင်းတဲ့ မြေးငါးယောက်ကို ပိုင်ဆိုင်ထားတာပါ၊ နောက်ဆုံး တော့ ကိုယ်လဲအသက်ကြီးပါပြီ ဘာမှ လိုအင်တပ်မက်စိတ်လဲ မရှိတော့ပါဘူး ၊ ဒါပေမယ့် မင်းတို့ နှစ်ယောက်ကိုတော့ ပြေလည်စေချင်တယ်။

နေ့ရှိသရွေ့ စီးပွားပြိုင်ဘက်တွေလို သဘောထားနေကြတာ၊ ပတ်ဝန်းကျင်မှာတောင် ကြားမကောင်းဘူး ၊ သားအကြီးကောင်ဘက်က လမ်းဖေါက်တော့  အဆောက်အဦးတစ်ချို့ ဖျက်ပေးရတယ်၊ သိပ်မကြာခင်မှာပဲ သားအငယ် မြေဘက်ပါ လှုပ်လှုပ်အသံကြားလာတော့ ခံနိုင်ရည်မရှိတဲ့ သူ့မိန်းမက အိပ်ရာထဲ ဘုန်းဘုန်းလဲပါရောလား … ။

ဘယ်အရာမဆို အသေဖက်တွယ်လို့ ရလိမ့်မယ်လို့ ထင်ထားတာကိုး …၊ ဒါတောင် သူတို့တွေ ပိုက်ဆံ တစ်ပြား ပေးထားရတာ မဟုတ်ဘူး ၊ အမေ့မြေကို အလကားယူထားတာ ၊ ကိုယ့်ဥစ္စာလျော့ပါးမယ်ဆိုရင်တော့ မျောက်မီးခဲထိုင်မိသလို ဖြစ်နေတဲ့ သားငယ်ရဲ့ မိန်းမက နေ့တိုင်းငြူစူနေတော့တာ၊ ဒီတော့ အိမ်က ဘယ်သာနိုင်တော့မလဲ ၊ သားကြီးဘက်က အနည်ထိုင်သွားပြီလေ … ။

ဘယ်အရာမှ မတည်မြဲဘူးဆိုတာ သူတို့ သိဖို့ ကောင်းတယ် … သားငယ်က သူ့အဆောက်အဦးတွေကို မြေကွက်နဲ့ ကွက်တိ ဆောက်ထားတာ ဆိုတော့ ဖျက်ရရင်မလွယ်ဘူး၊ အကုန်အကျနဲ့ ဆုံးရှုံးမှုက အတော်များမယ်၊ ဒါကို သူတို့ နေ့ရှိသရွေ့ ခံစားနေရတယ်၊ သားငယ်မြေမှာ ကိုယ်စိုက်ထားတဲ့ ခြံထောင့်က ထောပတ်သီး ငါးပင်ကလွဲလို့ ဘာအပင်မှ မရှိတော့ဘူး ၊ ထောပတ်ပင်ကိုတော့ သူတို့က မခုတ်ပစ်ဘူး၊ သူကြိုက်တာကိုး။ သီးလိုက် အောင်လိုက်တာလဲ မပြောပါနဲ့၊ ဈေးလည်းရတယ်လေ၊ထောပတ်ပင်မှာတော့ ခုထက်ထိ မျစ်ချဉ်ထုပ်တွေ သုံးထုပ်စီ ချိတ်ဆွဲထားတာ တွေ့ရတုန်း၊ အရင်က ကိုယ်ချိတ်တာ ကို သူမြင်ဘူးတယ်လေ၊ ထောပတ်ပင်ကိုလည်း ခူကောင်တွေက သိပ်ကြိုက်တာ၊ အ၀ါအနက်ကြား ခူကောင်ကြီးတွေက လှပေမယ့် ကိုက်ခံရရင်လည်း မလွယ်ဘူး၊ ဒါကြောင့် ခူကြောက်တဲ့ မျစ်ချဉ်ထုပ်တွှေ ချိတ်ဆွဲထားတာ၊ မျစ်ချဉ်နံ့ကိုတော့ ခူကြောက်တယ်၊ ခူရောက်ပေမယ့် နည်းသွားတာပေါ့၊ မဟုတ်ရင် အပင်နဲ့ ခူတွေအရောင်က ရောနေတာ။

တစ်ကယ်တမ်းဆိုရင် ဆေးဖျန်းပြီး ကျကျနန ဂရုစိုက်မယ်ဆိုလဲ ဖြစ်ပါတယ်၊ သဘာဝတရားကြီထဲက အကြောင်းပြချက် ဖဲတစ်ချပ်လိုဘဲ မြင်မိတယ်၊ ကိုယ်ဟာ သိပ်ကိုထက်မြတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့လို့လားမသိ၊ ရိုးသားတဲ့ မင်းတို့အဖေကို ချစ်ခဲ့တယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ မရိုးသား မှုနဲ့ တပ်မက်မှုတွေများလာတိုင်း ရိုးသားတယ်ဆိုတဲ့ဂုဏ်ရဲ့ တန်ဖိုးကို အရမ်းတပ်မက်ခဲ့တယ်၊ ကိုယ်ဟာ ငွေကြေးဥစ္စာ မမက်ဘူး၊ ကိုယ့်မှာ အဲ့ဒီအရာတွေ အားလုံးရှိနေလို့ ကိုယ်တို့က အဖိုးအဖွားလက်ထက်ဘ၀ထဲက မြေပိုင်တွေ ခြံတွေရှိပြီး ချမ်းသာကြတယ်ဆိုပါတော့  မင်းတို့အဖေက ရိုးသားတယ်၊ ခြံစိုက်တာ အပင်စိုက်တာကို ၀ါသနာပါတယ်၊ သူ့ဘ၀မှာ သူ့အသက်ထက် သုံးလေးဆမကများပြားတဲ့ အပင်တွေကို စိုက်ပျိုးခဲ့တယ်၊ ကိုယ်လဲ စိုက်ပျိုးရေးအကြောင်း အပင်တွေအကြောင်း ပိုသိလာခဲ့တယ်၊ မင်းတို့အဖေနဲ့ လမ်းကြောင်းချင်းတူစွာ လျှောက်လှမ်းနေတုန်းမှာဘဲ သူဟာ မင်းတို့ နှစ်ယောက်နဲ့အတူ ဒီမြို့လေးမှာ ကိုယ်တို့ကို ထားပြစ်ခဲ့တယ် …  ၊ ကိုယ် ၀မ်းနည်းကြေကွဲခဲ့ရတယ် … ။

သူစိုက်ပျိုးခဲ့တဲ့အပင်တွေအောက်မှာ အဖော်မဲ့စွာ ၊ လိပ်ပြာငယ်စွာ၊ ပုန်းခိုခဲ့ရတယ်၊ သူ့အစား သူစိုက်ခဲ့တဲ့ အပင်တွေပေါ် ပို သံယောဇဉ်တွယ်လာခဲ့တယ် … ၊ ပိုမြတ်နိုးလာတယ် ..၊ လူရယ်လို့ ဖြစ်လာရင် အထီးတည်းမနေနိုင်ပါဘူး၊ နေနိုင်သည့်တိုင်တော့ ကိုယ့်ပတ်ဝန်းကျင်ကိုတော့ ထိတွေနေရဦးမှာ ဘဲ … ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကတော့ သူစိုက်ပျိုးခဲ့တဲ့အပင်တွေပေါ့၊

အခုတော့ အပင်တွေအစား တလင်းပြင်မှာ အဆောက်အဦးတွေသာ လွှမ်းမိုးနေတယ်၊ ကိုယ်စဉ်းစားမိတာ တစ်ခုဘဲ ရှိတယ်၊ ငြိမ်းချမ်းစွာအတူတစ်ကွနေထိုင်နိုင်ဖို့အတွက် ကိုယ့်ဘက်က ကြမ်းတမ်းစွာ တုံ့ပြန်ခြင်းနဲ့ မက်မောစွာ တမ်းတခြင်းတွေကို ဆင်ခြင်ရတော့မယ်။

ကိုယ့်ဘ၀မှာ တွေးချင်လို့ စာဖတ်ခဲ့တယ်၊  ပိုတွေးလို့ ကောင်းအောင်လို့ သစ်ပင်စိုက်ခဲ့တယ်၊ အဲဒီထဲမှာ ကိုယ်နဲ့တူတဲ့သား ၊ သူနဲ့ သူတဲ့သား၊ ဘာဖြစ်လို့ မပါခဲ့ရတာပါလိမ့် … စာဆိုတာကတော့ ရေးနေရင် ဘယ်တော့မှ မသေဘူး၊ ထပ်ပြန်တလဲလဲ ရှင်သန်လို့ရတယ်၊ အပင်တွေကတော့ သေသွားပြီးရင် ပြန်ရှင်ဖို့ မလွယ်သလို ထပ်ပြန်တလဲလဲ ရှင်သန်ဖို့လဲ မလွယ်ဘူး ၊ ……….. .. ထဲကလို အပင်လေးတစ်ပင်က အရွက်လေးတစ်ရွက်ကြောင့် ဘ၀သေခြင်းထဲကနေ ရှင်သန်ခွင်ရခဲ့တယ် … ၊ ကိုယ့်ဘ၀ ခေတ္တ သေဆုံးသွားခြင်းကို ဘယ်သူများ သိမှာလဲ … ။

3

အခန်း (၂)

တောင်တန်းတွေက မှုန်ဝါးဝါး မှိုင်းညိုညို မိုးပုဝါပါးစလေးအုပ်ထားသလို .. ကိုယ်ဟာ လှေငယ်လေးတစ်စင်ပေါ်မှာ … ဦးတည်ချက်တိတိကျကျ မရှိ သွားနေပါလား၊ ကိုယ်မရွေးချယ်ထားတဲ့ အခြေအနေနဲ့ ဒီလမ်းလေးကို ရင်ဆိုင်တွေ့လိုက်ရချိန်မှာ …

ဖြစ်လာသမျှကို စဥ်းစားမိတယ် ….။ ရှေ့ကို တရွေ့ရွေ့ တိုးလာရင်း လှေကလေးက လွင်မျော သယ်ဆောင်သွားတယ် …

ဟော …….. ဟိုရှေ့က ကမ်းမှာ သူ … သူ ပါလား ။

ကလေးတွေ အဖေ သူကိုယ့်ကို စောင့်နေတာလား  … ၊ ကြည့်စမ်းပါဦး သူနဲ့ ကိုယ်နဲ့ ကွဲကွာသွားတာ နှစ် နှစ်ဆယ်ရှိပြီ ၊

သူဟာ အရင်အတိုင်းပါလား ၊ နုပျိုဆဲဘဲ ကိုယ့်ကို လက်ကမ်းပေးပြီး ပြုံးပြတယ်၊ ကိုယ့်ရင်တွေ ပူနွေး ခုန်လှိုက်လာတယ် … ၊

ဒီအချိန်မှာ သီချင်း အပိုင်းအစလေးက ကိုယ့်နားနား ဘယ်လိုဝင်ရောက်လာခဲ့တယ်မသိ ၊ သူဆိုနေကျ သံစဉ် တစ်ခု ပါဘဲ ၊ အရင်တုန်းက ဆိုခဲ့ဖူးတဲ့ သံစဉ် စာသားတွေပါ၊

အို … ဒီ … ဒီ … ဒါ … ဒီ …

ကိုယ်ပါလိုက်ပြီး ရေရွတ်မိသွားတယ် …

သီချင်းသံလေးတွေ ပျံ့လွင်နေတယ် …

ကိုယ်တို့ နှစ်ယောက် အပင်စိမ်းစိမ်းအုံအုံတွေထဲ ပြေးဝင်ပြီး ဘယ်အရသာနဲ့မှ မတူဘဲ လွတ်လပ်ပေါ့ပါးနေတယ် …။

``မထင်ဘူး … ဒီနေ့မနက်ကဘဲ အမေ ဆုံးသွားခဲ့တာ … အမေစိုက်ခဲ့တဲ့ စွယ်တော်ပင်အောက်မှာ … အမေ့မှာ နှလုံးရောဂါ ရှိခဲ့တယ် ဆိုတာ တောင်းပန်ပါတယ် အမေ … သားတို့ကို ခွင့်လွှတ်ပါ … ။ အမေစိုက်ပျိုးခဲ့တဲ့ အပင်တွေကိုမှ ဒီလက်တွေနဲ့ ကိုယ်တိုင်ရုတ်သိမ်းမိခဲ့တယ် ၊ အဲဒီနေ့က အမေ့ မျက်ရည်စတွေကို သား တွေ့လိုက်ရပါတယ် … ။

အမေ … အမေဟာ တစ်ကယ်တော့ အပင်တွေကို ကျွန်တော်တို့နဲ့တန်းတူ ချစ်ခဲ့တဲ့ သူပါ၊

ငိုရှိုက်သံများကို ပါးလွင့်စွာ ကြာ်းနေရတယ် …။

နောက်တော့ ဟိုအဝေးကြီးမှာ ကျန်ခဲ့သလိုပဲ …

အမေပျော်ပါတယ် …

အပင်တွေကို ချစ်တဲ့ သူနဲ့ ကိုယ်ဟာ ဘယ်လောက်ပဲ ဝေးဝေး နွေးနေကြတုန်းပါဘဲ …………။

ချောအိမာန် (မန္တလေး)

၃၀.၁၁.၂၀၀၉

Sunday, February 14, 2010

ဇာတ်သိမ်းခန်း

ကျွန်မ ရဲ့ ဘလော့ထဲမှာ လာရောက်ကြသူ အပေါင်းကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ``မိုးမာန်`` စိတ်ကြိုက် မြန်မာ ၀တ္ထုတိုများ စာအုပ်ကို အရဲစွန့်ပြီး အတက်နိုင်ဆုံး ပရိသတ် အတွက် စေတနာထားပြီး လုပ်ခဲ့တာပါ…  ဒီစာအုပ်လေးကို လက်ဝယ် ရောက်ရှိပြီး ဖတ်ရတဲ့ စာဖတ်ပရိသတ် အားလုံးက ကြိုက်နှစ်သက်ကြတယ် ဆိုတဲ့ အတွက် အလွန်ဝမ်းမြောက်မိပါတယ်… ဒီအတွက် ကျွန်မဘက်က ကျိုးစားရကျိုး နပ်ကြောင်း ပြောချင်ပါတယ်။

လတ်တလောမှာ မဂ္ဂဇင်း နဲ့ ပေါ်ပြူလာ ဂျာနယ် အတွက် ဆောင်းပါး မပြတ်ရေးနေရတဲ့အတွက် ပရိသတ်များ နားလည်ပေး စေချင်ပါတယ်.။

ပေါ်ပြူလာ မှာ ပါဝင်ခဲ့တဲ့ ဆောင်းပါးတွေကို လက်ရွေးစင် ရွေးချယ်ပြီး တင်သွားပါဦးမယ်။

အခု ကျွန်မရဲ့ ပရိသတ်များအတွက် ``ဇာတ်သိမ်းခန်း``  ``ပင်ချစ်သူ``ဆိုတဲ့  ၀တ္ထုတို အသစ်စက်စက် နှစ်ပုဒ် တင်ပေးလိုက်ပါတယ်။

*******



ဇာတ်သိမ်းခန်း

(၁)

အိပ်ခန်းထဲက စာရေးစားပွဲခုံပေါ်ကနေ နာရီကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ ဆယ်နာရီထိုးဖို့ စက္ကန့်ပိုင်းပဲ လိုတော့တယ်။ စာရေးခြင်းကို ခေတ္တမဟုတ် ဒီနေ့အတွက် အပြီးရပ်နားလိုက်တော့တယ်။ ကျွန်မအဖို့ မအိပ်ချင်ပေမယ့် ဆက်ရေးနိုင်မှာမဟုတ်တာ သေချာတယ်။ ဖုန်းအနီလေးဆီ အကြည့်ရောက်သွားတယ်။ တကယ်တမ်းဆို ဒီကြိုးဖုန်းပလပ်ကို ဖြုတ်ပစ်လို့ ရနိုင်တာပဲ။ ဟန်းဖုန်းလေးကတော့ စားပွဲပေါ်မှာ…..

အပြင်က လေအေးတစ်ချက် ဝေ့တိုက်ခိုက်လာမှုကြောင့် မှန်ပြတင်းတံခါးပိတ်ပြီး လိုက်ကာကို ဆွဲစိလိုက်တယ်။ အမှန်ဆိုရင် ဒီကနေ့ရေးလက်စ၀တ္တုတစ်ပုဒ်ဟာ ပြီးကိုပြီးသင့်နေပြီး။ ဒါပေမယ့် ဆက်ပြီးရေးလို့မရ ဇာတ်ကောင်နဲ့ ကျွန်မကိုယ်တိုင်လည်းတသားတည်းမဖြစ်နဲ့……။ အနုပညာကို ဖန်တီးသူနဲ့ပရိသတ် အကြား တူညီတဲ့ခံစားမှုမရှိဘဲ ကွာဟနေခဲ့ရင် ဒီဝတ္ထုတစ်ပုဒ်ဟာ အကျိုးထိရောက်နော့မှာ မဟုတ်တော့။ ဒါကြောင့် စာအုပ်ကို အပြီးအပိုင် ပိတ်ပစ်လိုက်တော့တယ်။

ရေခဲသေတ္တာထဲက ရေအေးတစ်ခွက်ကို ထုတ်သောက် စဉ်မှာ ကြိုးဖုန်းအနီလေးကနေ အသံမြည်လာပါတယ်။

တီ…..တီ…

ကျွန်မ အိပ်ရာပေါ်ထိုင်ပြီးဖုန်းကို အသာကောက်ကိုင်လိုက်တယ်။

``ဘယ်လိုလဲ ဆရာမ``

တဖက်ကလူရဲ့ အသံကပြတ်သားစွာပေါ်လာတယ်။

``ကျွန်တော်ပြောခဲ့တာတွေကို  စဉ်းစားပြီးပြီလား``

သူ့အသံက သြဇာသံလိုလိုနဲ့…….

``စဉ်းစားပါတယ်။ ဒါပေမယ့် ရှင်ကတိတစ်ခုတော့ ပေးရလိမ့်မယ်။

``ဆိုပါဦး``

``ရှင်အဲဒီ အလုပ်တစ်ခုကို မလုပ်ပါဘူးလို့``

``အိုး… အို..ဆရာကို ပြောကတည်းကကျွန်တော့်ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်က ဒါပဲလေ``

``အဲဒီကတိကို မပေးနိုင်ဘူးဆိုတဲ့ သဘောလား``

``ဟုတ်တယ် ဆရာမရေးထားတဲ့ အမှားကိုပဲ လူတွေက သိနေကြတာ။ တကယ်တမ်းအမှန်တရားကို ဘယ်သူမှ မသိတာ။ အဲဒီ အမှန်တရားကို ပြန်ဖော်ထုတ်ဖို့က ဆရာမမှာ တာဝန်ရှိတယ်``

``ကျွန်မက အမှားတွေ အမှန်တွေသိခဲ့တာမှ မဟုတ်တာ ကျွန်မမွေးထားတဲ့ ဇာတ်ကောင်ကို ကျွန်မကိုယ်တိုင် ကြိုက်ရာ လုပ်ပိုင်ခွင့် ရှိတာပဲ``

``အဲဒီဇာတ်ကောင်က အခြားသူမှ မဟုတ်တာ ကျွန်တော်လေ။ ကျွန်တော့်ကို ဆရာမ၀တ္တုထဲမှာ စုတ်ပြတ်သတ်နေအောင် မွေးဖွားခဲ့တာ။ ကျွန်တော်ဟာ တကယ့်ကို ရွံ့စရာ သတ္တ၀ါ……``

``တော်ပါတော့ရှင်``

``အဲဒီအတွက် ဆရာမမှာ ကျွန်တော့်ရဲ့ အမှတ်တရားကို ပြန်ရေးပေးဖို့ တာဝန်မရှိဘူးလား``

``ကျွန်မ ရှင်မှန်းလည်း မသိဘူး။ ကျွန်မဟာ ကိုယ်တည်နေရာအနေအထားကနေ ဖန်တီးခဲ့တာပါ။ ရှင်နဲ့ မဆိုင်ဘုးလို့ ထင်တယ်``

``ကျွန်တော် ဟိုးရှေ့က ပြောခဲ့သလိုပဲ ဒီအကြောင်းကို ဆရာမတစ်နေရာကနေ ကြားသိရပါလိမ့်မယ်။ အဲဒါကတော့ သေချာပေါက်ပဲ။ ဆရာမတို့လို  စာရေးဆရာတွေဟာ နားတွေ၊ မျက်လုံးတွေကို အမြဲဖွင့်ထားတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဆရာမ ၀န်မခံပေမယ့် ကျွန်တော်သိတယ်။ တကယ်တမ်းစဉ်းစားကြည့်ပါ။ အမှန်တကယ် ဆုံးရှုံးခဲ့ရတာ ဘယ်ဘက်ကလဲ ဆိုတာ ကို ကျွန်တော့ညီကို သိပ်ချစ်တယ်။ ကျွန်တော်မရှိခိုက်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ အံ့သြစရာတွေပဲ။ အဲဒီမိန်းမ အဲဒီလောက်ထိ ရက်စက်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ အကွက်ကွင်းကျကျနဲ့ ညီ့ကို သတ်ပစ်ခဲ့တာ။ ဒါကို သူမသိဘူး မဟုတ်လား။ အခုတော့ တစ်နေရာမှာ ခြေရာဖျောက်နေပြီး သူက ကျွန်တော်အထင်နဲ့ ပျော်နေမှာ။ ညီ့ကို ဆုံးရှုံးရသလို သူလည်းဆုံးရှုံးရစေမယ်။ သူဟာ တကယ့်မြွေဟောက်မပဲ။ ကျွန်တော့်ကို သူသစ္စာအရင် ဖောက်ခဲ့တာ။ ဒါကို သူ့ပတ်ဝန်းကျင်ကရော ဆရာမရော မသိဘူးမဟုတ်လား။ အမေဆိုသူ့သားစိတ်နဲ့ အိပ်ရာထဲ လဲခဲ့ရတာ အခုချိန်ထိပဲ။ ဒါကြောင့် တစ်ယောက်တည်းကျန်ခဲ့တဲ့ ကျွန်တော့်ကို နိုင်ငံခြားကနေ ပြန်ခေါ်ခဲ့တာ။ တကယ်တမ်း သူရခဲ့တဲ့ ကိုယ်ဝန်ဟာ ကျွန်တော့် နဲ့ ရတာ မဟုတ်ဘူး။ အဲဒါကို ကျွန်တော် အသေအချာပြောရဲတယ်။

ခုတော့ သူ မြွေတစ်ကောင်ကိုဖမ်းလိုက်ပြန်ပြီ ပါးစပ်က လွှတ်မယ့်ပုံမပေါ်ဘူး။ အဲဒီအတွက် ပွဲက ပိုလှသွားပြီ ဆရာမ။ ဆရာမစောင့်ကြည့်ပါ။ ဆရာမ တောင်းတဲ့ ကတိကို မပေးနိုင်တဲ့ အတွက် ဆာရီးပါ။ ဆရာမ ကျွန်တော့်ကို အပြင်မှာ တွေ့ချင်စိတ်ရှိလာပြီးဆိုရင်တော့ အချိန်မရွေးပေးထားတဲ့ ဖုန်းကို ဆက်လိုက်ပါ။ ဒီလောက်ဆိုရင် ကျွန်တော် ညာတာမဟုတ်မှန်း ဆရာမသိလောက်ပါပြီ။ ကဲ ဒါပဲလေ``

``အဲ… နေပါဦး။ ရှင် အဲဒီလိုလုပ်တော့ရော သံသရာတွေလည်မနေဘူးလား။ ကျွန်မကတော့ ဘာမှ မဖြစ်စေချင်ဘူး။``

``ဆရာမ ၀န်ခံပြီမဟုတ်ဘူး။ ဒါဟာ အပြင်မှာ တကယ်ရှိနေတယ်ဆိုတာ။ အဲဒီလိုဆို တရားပါ့မလား။ ကျွန်တော်ဟာ တိုင်းသိပြည်သိ မဂ္ဂဇင်းစာမျာက်နှာပေါ်လည်းတင်ခံရသေးတယ်။ သူသိဖို့လိုအပ်တယ်။ နောက်ပြီးဆရာမမှာ တာဝန်ရှိတယ်ဆိုတာ မမေ့ပါနဲ့ ကဲ…….ဘိုင့်ဘိုင် Have a nice dream! ``

ဖုန်းချသွားပြီ။ ကျွန်မက သူ ဆုတောင်းသလို ဘယ်လိုလုပ် အိပ်မက်မက်လှလှမက်နိုင်မှာလဲ။ သက်ပြင်းတွေကို ရှည်လျားစွာ မှုတ်ထုတ်လိုက်တယ်။  စာရေးနေတဲ့ သက်တမ်းတစ်လျှောက် အထူးခြားဆုံး ဖြစ်ရပ်တစ်ခုလို ခံစားရတယ်။  သူနဲ့ပတ်သက်ပြီး တကယ်တမ်းကျွန်မမှာ တာဝန်ရှိနေသလားလို့ တွေးမိနေတယ်။

ဒီဖြစ်ရပ်ကို ကြားသိရစဉ်မှာ အဲဒီအမျိုးသမီးရဲ့ စရိုက်ကို ကြက်သီးထလောက်အောင် အံ့သြခဲ့တယ်။ သူ့ရဲ့ လုပ်ရပ်တွေက ၀တ္ထုတောင်ဆန်နေခဲ့တယ်။ သူ့ရဲ့နာကျည်းမှုကို သူ့လုပ်ရပ်တွေနဲ့ တစ်ဖက်လူကို ခြောက်ခြားသွေးပျက်စေခဲ့တာ။ အစီအစဉ်တွေကို သေချာဆွဲပြီး ကလဲ့စားခြေခဲ့တာက ရုပ်ရှင်ကားတစ်ကားကို ကြည့်ရသလို မျက်စိထဲမှာ  မြင်ယောင်လာတယ်။ ဒီဇာတ်လမ်းကို ကြားခဲ့ရတာကတဆင့် မဟုတ်ဘဲ နှစ်ဆင့်လောက်က သိခဲ့ရတာ။ ဒါကြောင့် သမရိုးကျမဟုတ်တဲ့ ဇာတ်လမ်းလေးမို့ရေးခဲ့တာ။ အဲဒီ ၀တ္ထုပါတော့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ ဆက်မဖတ်နိုင်အောင်ကြောက်မိတယ်။ ရင်တွေလည်း တုန်လာတယ် တဲ့။ အဲဒီ အမျိုးသမီး တကယ်ရှိသလားမေးတော့ ကျွန်မက ရှိတယ် လို့ ပြောလိုက်သေးတယ်။

တချို့က အဲဒီလို ခပ်ကြမ်းကြမ်းဇာတ်လမ်းကို ကြိုက်ပေမယ့် တချို့ကတော့ အဲဒီလို မရေးပါနဲ့လို့ ပြောကြတယ်။

ဇာတ်ကောင် အမျိုးသားဟာ ဒီဇာတ်လမ်းမှာ ကောင်မလေးကို ဗိုက်နဲ့ပစ်သွားခဲ့တယ်။ တစ်နေရာ မှာ သွားမွေးပေမယ့်ကလေးက ဆုံးသွားတယ်။ သုံးနှစ်လောက်နေတော့မှာ အသွင်ပြောင်းလဲပြီးသူ့ချစ်သူကို ပြန်တွေ့ခဲ့တယ်။ သူ့ချစ်သူက အဲဒီအချိန်မှာ မင်္ဂလာဆောင်တော့မှာမို့ စီစဉ်နေပြီး။ သူတို့ မင်္ဂလာပွဲပျက်အောင် စိတ်အနှောင့်အယှက်ဖြစ်အောင် ဖုန်းတွေဆက် စာတွေရေး ခြိမ်းခြောက်ခဲ့တယ်။ သတို့သမီးဝတ်စုံချုပ်ပြီးသားကို ကပ်ကြေးနဲ့ကိုက်ပြီးဖျက်စီး၊ မှာထားတဲ့ သစ်ခွတွေကို ယူခိုင်းတာ ဆိုပြီး တစ်ခြံလုံး ၀ယ်ပစ်လိုက်တယ်။ သွေးပုလင်းရည်တွေနဲ့ ကားအဖြူလေးပေါ်လောင်းချ။ တစ်စက်စက်ကျနေတဲ့ သွေားရည်တွေဟာ ကားအဖြူလေးပေါ်မှာ ချက်ချင်းရုပ်ပျက်သွားစေခဲ့တယ်။ သတို့သမီးဆီ ဖုန်း အကြိမ်ကြိမ်ဆက်နဲ့ နောက်ဆုံး သူတို့ ဖိတ်စာတွေယူပြီး အပြန်နောက်ကနေ လိုက်ပြီး ဖုန်းဆက် ခြိမ်းခြောက်မှုတွေ မျိုးစုံလုပ်တော့ ကားတိုက်မှုဖြစ်ပြီး ကောင်လေး ဆုံးပါးသွားတယ်။ ကောင်မလေးကတော့ ဆေးရုံမှာ လချီပြီး တော်တော် ကုလိုက်ရတယ်။

ကျွန်မလည်း အဲဒီဇာတ်လမ်းကို ကြားရသလောက်အတိအကျပဲ ရေးခဲ့တယ်။ ``မုန်းတိုင်းမိုး`` ဆိုတဲ့ အဲဒီဝတ္တုဟာ Fashion Image မှာ စက်တင်ဘာ ၂၀၀၆  ကပါခဲ့တာ။ ခုဆိုရင် သုံးနှစ်ရှိခဲ့ပြီ။ ဒီလိုနဲ့ မထင်မှတ်တဲ့ ဖုန်းမြည်သံတစ်ခုကြောင့် ကျွန်မအတွေး တွေ ရှုပ်ထွေးသွားစေတယ်။

ကျွန်မဆီကို ဖုန်းဆက်ခဲ့တာ ၀တ္ထုထဲက ဇာတ်ကောင်။

တကယ်တမ်း သေဆုံးသွား တာက သူ့ညီဖြစ်ပြီး သူတို့က ခွဲမရအောင်ကို တူနေတဲ့ အမွှာတွေတဲ့ တကယ်တမ်း သူနိုင်ငံခြားမှာ အလုပ်သွားလုပ်နေတုန်း ပြန်လာရော။ သူ့ချစ်သူက နောက်တစ်ယောက်နဲ့ တွဲနေတာကို သိခဲ့ရတယ်။ သူတို့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ သူ့ချစ်သူက ငြင်းတယ်။ ဒါနဲ့ သူလဲ စိတ်တိုပြီး နိုင်ငံခြားကို ပြန်ထွက်သွားတယ်။ သူ့ညီက နယ်မှာ အမေတို့နဲ့နေတာ။ နောက်မှ မန္တလေးကို ပြောင်းလာခဲ့တာ။ သူ့ညီ  ကို သူ့အထင်နဲ့ မင်္ဂလာဆောင်ခါနီးမှာ သူ့ရဲ့ ရက်စက်မှုကြောင့် သေဆုံးခဲ့တယ်တဲ့။

ခု အဲဒီအမျိုးသမီး ကိုယ်ဝန်ဟာ သူမဟုတ်ဘူးလို့ သေသေချာချာပြောတယ်။ ဒီကြားထဲမှာ လျှို့ဝှက်ချက်တစ်ခုတော့ ရှိရမယ်။ ခုတော့ သူဟာ အဲဒီ အမျိုးသမီးကို ပြန်လက်စားချေဖို့ ရည်ရွယ်နေပြီ။ အဲဒီ  အမျိုးသမီးက သူပြောသလိုဆို မြွေတစ်ကောင်နဲ့ မင်္ဂလာဆောင်တော့မယ်တဲ့။

ဘယ်လိုပဲ ပြင်းထန်တဲ့ ခံစားချက်တွေ ရှိရှိ၊ ကလဲ့စားပြန်ချေတဲ့အလုပ်ကြီးကို မလုပ်စေချင်။ တန်ပြန်တဲ့ သက်ရောက်မှုတွေ သူ့အလိုလိုရှိနေတာကို လစ်လျှူရှု့လို့ မရနိုင်ပါဘူး။ ဒါကြောင့် သူ့ကို အပြင်မှာ တွေ့ဖို့ လိုအပ်လာတယ်။ ဟုတ်တယ်။ တွေ့ဖို့ လိုအပ်လိမ့်မယ်။ ကျွန်မ သူ့ကို တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

*******



ဇာတ်သိမ်းခန်း

(၂)

ကျုံးဘေးက Café Brolly မှာတွေ့ဖို့ ကျွန်မသူ့ကို ဖုန်းဆက်လိုက်တယ်။ တစ်ဖက်က သူ့အသံက အရမ်း ၀မ်းမြောက်သွားတဲ့ပုံပဲ။

``ရှင့်နာမည် ဘယ်သူ``

``ဆရာမကလည်း မေ့တက်တာပဲ ဘုန်းနေလ လေ``

``ကောင်းပါပြီ မနက်ဖြန် ညနေ ၅ နာရီနော်``

``အိုကေ ကျွန်တော်စောင့်ပါ့မယ်``

ကျွန်မ ၀တ္ထုပါတဲ့ မဂ္ဂဇင်းကို ပြန်ဖတ်ရင်းအိပ်ပျော်သွားခဲ့တယ်။ ရေးစဉ်တုန်းက ဒီလို ပြဿနာတွေ ရှိလာလိမ့်မယ် လို့ဘယ်လိုမှ မထင်မှတ်ခဲ့ဘူး။ သူ့နေရာမှာ ၀င်ခံစားကြည့်တော့လည်း နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှုအလွဲတွေနဲ့ အခုလိုဆိုရင် မိန်းကလေးဘက်က အများကြီးကို လွဲမှားနေခဲ့ပြီ။ ကိုယ့်ကြောင့် လူတစ်ယောက် နစ်နာဆုံးရှုံးသွားပြီ။ ဒါကို ဘုန်းနေလဘက်က လုံးဝ မကျေနပ်၊ သူကရော ဘယ်လို ကလဲ့စားချေခြင်းမျိုးတွေနဲ့ စီရင်ဦးမှာလဲ။

တွေးရင်း တွေးရင်း ကျွန်မ သိသိသာသာ ရင်မောလာရတယ်။ ကျွန်မရဲ့ ရေးသားဆဲ ၀တ္ထုတိုတွေလည်း ဆက်မရေးနိုင်အောင် ရပ်တန့်နေခဲ့ပြီး။ ကြားဖောက်ဝင်လာတဲ့ ဒီအကြောင်းအရာကို အမြန် ဖယ်ထုတ်ပစ်နိုင်မှသာ ကျွန်မအတွက် အဆင်ပြေလိမ့်မယ်။

*********



ကျွန်မ ဆိုင်လေးထဲကို ၀င်လာပြီး လျှောက်လှမ်းတွေကိုလျှောက်ရင်း သူ့ကို ရှာမိတယ်။ သူက ကြိမ်ခုံပေါ်ကနေ မတ်တပ်ရပ်ပြီး ကျွန်မကို လက်လှမ်းပြတယ်။ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ သူက မော်ဒယ်ဘွိုင်းတွေနဲ့တောင် ခပ်ဆင်ဆင်ပဲ။

``ရှင် ကျွန်မကို သိသားပဲ``

``စာအုပ်တွေထဲမှာ ဆရာမကို ကျွန်တော်မြင်ဖူးထားပါတယ်``

``ကဲ ဆရာမ မှာချင်တာ မှာပါ။ ဒီနေ့အတွက် ဒကာက ကျွန်တော်ပေါ့``

``ရပါတယ်။ ကော်ဖီအေးဆိုရပြီ။ ``

``ကော်ဖီအေး ၀မ်း၊ နာနတ် Juice ၀မ်း``

``ဆရာမ ကျွန်တော်နဲ့ တွေ့ဖို့ ခက်ခဲမယ် ဆရာမ အချိန်တွေ ဖဲ့ထုတ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်``

``ရှင်အသက်ဘယ်လောက်ရှိပြီလဲ```

``နှစ်ဆယ့်ရှစ်``

``ကျွန်မက သုံးဆယ်ကျော်ပြီဆိုတော့ ရှင်ထက်တော့ အသက်ကြီးတယ်။ အဲဒီတော့ ကျွန်မပြောတာကို နားထောင်စေချင်တယ်``

``ကျွန်တော့်ဆန္ဒကိုရော ဆရာမ ပြန်မပေးနိုင်ဘူးလား``

``၀တ္ထုအသစ်ထပ်ရေးပေးဖို့လား``

``ဟုတ်တယ်။ ကျွန်တော့်အကြောင်းကို အမှန်ဖြစ်ဖို့လေ``

``ကောင်းပြီလေ။ ဇာတ်သိမ်းကတော့ ကျွန်မကြိုက်တဲ့ ဇာတ်သိမ်းဖြစ်မှ ရေးနိုင်မယ်။ နောက်ပြီး ရှင့်ရဲ့ Plan တွေကို ပြောပြပါဦး``

``ကျွန်တော် မနေ့က ပြောသလိုပဲ သူလည်း ဆုံးရှုံးစေရမယ် ခု သူတို့ ၀ယ်ဖို့ သေချာပေါက်ဈေးဆိုင်ထားတဲ့ တိုက်ခန်းက ကျွန်တော့်သူငယ်ချင်း တိုက်ခန်းဖြစ်နေတယ်။ အဲဒီ တိုက်ခန်းကို သူတို့ လက်ထဲမရောက်ခင် ကျွန်တော်ဝယ်ဖြစ်မယ်။

နောက်ပြီူး သူ ကျွန်တော့်အထင်နဲ့ လိုက်နှောက်ယှက်ခဲ့သလို သူတို့ နှစ်ယောက်သွားတဲ့ နေရာတိုင်းမှာ သူလုပ်တာတွေထက်သာအောင် သွေးပျက်အောင် ဆယ်ဆလောက်သာအောင် ခြိမ်းခြောက်ပစ်မယ်။ ကျွန်တော်ဟာ တစ်နေ့ကျ ဘွားကနဲ သူ ရှေ့ပေါ်လာပြီး ကျွန်တော်မှန်းသိသွားရင် သူ့ပုံစံဘယ်လိုဖြစ်သွားမလဲ။ ဆရာမ စဉ်းစားကြည့်လေ ``

``အဲဒီလို လုပ်ပြီးရင် ရှင်ကျေနပ်သွားနိုင်ပြီပေါ့ ဟုတ်လား``

``ဟုတ်တယ်``

``အဲဒီတော့ ဇာတ်သိမ်းက ``

``သူ့ကို ပြန်သေပေးလိုက်ပေါ့ ဆရာမ``

``အို မဟုတ်သေးပါဘူး။ သူသေသွားင် ဇာတ်လမ်းက ပြီးသွားမှာပေါ့။ ဒါ ကျွန်မလိုချင်တဲ့ ဇာတ်သိမ်းလဲ မဟုတ်သေးဘူး။ ရှင့်ရဲ့လက်စားချေမယ်ဆိုတဲ့ စကားလုံးကြီးက မကောင်းပါဘူး။ ပညာပေးရုံလောက်နဲ့ ရှင်ဖြစ်စေချင်သလို ဖြစ်နိုင်တာတွေရှိပါတယ်။ ရှင့်အတွက် ပိုက်ဆံ ကုန်ကျစရိတ်လည်း မလိုဘူး။ သူလုပ်ခဲ့တဲ့ အတိုင်းအတာအတွက် ရှင်သူ့ရှေ့မှာ အရှင်လတ်လတ်တွေ့လိုက်ရတာနဲ့တင် ပွဲသိမ်းသွားပါပြီ။ သူ သိသွားရင် တသက်လုံး ခံစားပေတော့ပဲလေ။ မဟုတ်ဘူးလား။ ကျွန်မက အဲဒီလိုပဲ ဇာတ်သိမ်းချင်တယ်။ အဲဒီလို ဇာတ်သိမ်းခွင့်ရမယ်ဆိုရင် ရှင့်အတွက် ၀တ္ထုတစ်ပုဒ်ရေးပေးမယ်``

``ဆရာမ  ဇာတ်သိမ်းက ဘယ်လိုလဲ``

``တိုက်ဆိုင်မှုတစ်ခုပဲ အဲဒီမင်္ဂလာပွဲ ကျွန်မကို ဖိတ်ဖြစ်အောင် ဖိတ်လိမ့်မယ်။ကျွန်မက သတို့သားဘက်ကနေ သိတာ။ ကျွန်မလည်း မနေ့ကမှ သိတာ။ မနေ့က ကျွန်မသူငယ်ချင်းကို မေးကြည့်တော့ ပိုသေချာသွားတယ်။ အဲဒီ မင်္ဂလာဆောင်ကို ရှင် ကျွန်မ နဲ့ အတူလိုက်ခဲ့ပါ။ ကျွန်မရဲ့ ကာစင်အနေနဲ့ မိတ်ဆက်ပေးမယ်။ နောက်ပိုင်း အနေအထားကို ရှင်ပဲ ဆက်တွေးကြည့်တော့။ ညင်သာနူးညံ့တဲ့ ပညာပေးနည်းက ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ ပိုက်ဆံ လည်း မကုန်ဘူး။ ရှင်လည်း ပင်ပန်းစရာမလိုဘူး။ ၀တ္ထုထဲမှာ ရှင်ဖြစ် ချင်သလို သေပေးလို့ရတယ်။ အပြင်မှာတော့ ဒီလောက်ထိလုပ်ဖို့ မလိုပါဘူး။ သူအရာအားလုံးကို သိသွားတဲ့ တစ်နေ့မှာ နောင်တ ရသွားလိမ့်မယ်။ ရှင်လည်း အမှားမကင်းတဲ့သူ မဟုတ်တော့ဘူး။ လိပ်ပြာလုံစွာ နေနိုင်တယ်။ ရှင့်ရဲ့ ရက်စက်မယ့် ပထမအစီအစဉ်ကို လုံးဝ  ပယ်ဖျက်လိုက်တော့။ အဲဒီလို ရုပ်ဆိုးအကျည်းတန်စေမယ့် ၀တ္ထုမျိုး ကျွန်မမရေးနိုင်ဘူး။ ဒီလို ဇာတ်သိမ်းမယ်ဆိုရင်တော့ ကျွန်မ ရေးဖို့ စဉ်းစားပေးမယ်။ ပြီးတော့ ရှင်ဘက်ကလည်း တကယ် ဇာတ်သိမ်းရမလိမ့်မယ် ``

သူက အအေးခွက်ထဲက Juice တွေကို အကုန်မော့သောက်ပြီး စဉ်းစားနေပုံရတယ်။ အတန်ကြာတော့

```ကောင်းပြီလေ ဆရာမ ကျွန်တော် ဆရာမ ဇာတ်သိမ်းအတိုင်း လုပ်ဖို့ ကတိပေးတယ်။ ဆရာမက စာရေးသူလို့ မပြောရဘူး။ သူမင်္ဂလာဆောင်မယ့်နေ့ကို ကျွန်တော့်သိတယ်ဆရာမ။ ကျွန်တော် လိုက်ခဲ့မယ်``

``အိုကေ ကောင်းပြီ``

******



ဇာတ်သိမ်းခန်း

(၃)

ဒီဇာတ်လမ်းမှာ ကျွန်မကိုယ်တိုင် ကြားက ပါဝင်ရပြီမို့ စိတ်ထဲမှာ တစ်မျိုးတော့ ခံစားရတယ်။ ကောင်လေးက မဆိုးပါဘူး။ ပြောရင်တော့ နားထောင်သားပဲ။ ဟုတ်တယ်လေ။ အပြင်ရော အထဲရော ရက်စက်၊ အကျည်းတန်မှုတွေနဲ့ ဇာတ်သိမ်းရမှာကို လုံးဝမနှစ်သက်တော့ဘူး ။ ကျွန်မရဲ့ပရိသတ်ကလည်း ကြိုက်မယ်မထင်ဘူး။

မင်္ဂလာဆောင်မယ့်နေ့ မတိုင်မီ ကျွန်မဆီ သူ ဖုန်းဆက်လာတယ်။ အဓိက ကျွန်မမေ့မှာစိုးလို့တဲ့။ မင်္ဂလာဆောင်က ဆီဒိုးနားမှာ။ နောက်တနေ့ နံနက်စောစော သူက ကျွန်မအိမ်ရောက်လာတယ်။ ရှပ်အင်္ကျီအဖြူ နက်တိုင်၊ စတိုင်ပန်နဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖီးဖားတယ်။ တကယ့်ကို စိတ်ပါလက်ပါလာပုံပဲ။ ကောင်လေး သူ့ကိုမြင်ရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာ တွေးရင်း ကျွန်မတောင် ရင်တုန်တယ်။

မင်္ဂလာဆောင်က စည်းကားပါတယ်။ သူပြောသလို မြွေဆိုတော့လည်း ငွေလည်းရှိမှာပေါ့။ ခပ်ဝေးဝေးက လှမ်းမြင်ရတဲ့ ငွေရောင်ဝတ်စုံနဲ့ သတို့သမီးလေးက လှတယ်။ သတို့သားကတော့ အတော်ဝပြီး၊ အသားမည်းတယ်။

``ဆရာမ ယုံပြီမဟုတ်လား။ ငွေမျက်နှာနဲ့ မင်္ဂလာဆောင်တာ။ သူက အင်မတန်အလှအပကြိုက်တဲ့မိန်းမ``

ကိုယ်တော်က ချီမွမ်းခန်းတွေ စဖွင့်နေပြီ။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ မလိုက်ဖက်ဘူး။ ကျွန်မတောင် စိတ်ထဲ အံ့သြနေတာ။

သူတို့က တစ်ဝိုင်းပြီး တစ်ဝိုင်း လိုက်နှုတ်ဆက်တယ်။

``ကဲ ရှင် အသင့်ပြင်ထားနော်။ ကျွန်မတို့ စားပွဲဝိုင်းနားကို လာနေပြီ ``

``စိတ်ချပါ``

သတို့သား၊ သတို့သမီးက လိုက်ျွှုတ်ဆက်ရင်း ကျွန်မတို့ ၀ိုင်းကို ရောက်လာတယ်။ ဗီဒီယိုတွေကလည်း ရိုက်နေကြတယ်။ ဓာတ်ပုံတွေကလည်း တဖျတ်ဖျတ်။ ကျွန်မဘေးရောက်လာတော့ ထလိုက်ပြီး

``ကျွန်မ ဦးဝင်းမြင့် သမီးပါ``

``အော် ဟုတ်ကဲ့ခင်ဗျ။ တွေ့ရတာ ၀မ်းသာပါတယ်။ အဖေပြောဖူးတယ်။ စာရေးတယ်လို့လဲပြောတယ်``

``ဟုတ်ကဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါကျွန်မမောင်ဝမ်းကွဲပါ။ ဘုန်းနေလတဲ့။ နိုင်ငံခြားကပြန်ရောက်တာ မကြာသေးဘူး။ သူ့လိုက်ပို့ခိုင်းရတာ``

``ဟုတ်ကဲ့ခင်ဗျ တွေ့ရတာ ၀မ်းသာပါတယ်``

သတို့သားက လက်ဆွဲနှုတ်ဆက်တယ်။ နောက်ကျောပေးနေရာကနေ လှည့်အထ သတို့သမီးနဲ့ မျက်နှာချင်းဆိုင် အနီးကပ်ဖြစ်သွားတာမို့။ သတို့သမီးမျက်နှာ ဖြူဖျော့သွားပြီး ရုတ်ချည်း ဒူးခေါင်းကွေးညွတ်ကျသွားတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ပန်းကလည်း အောက်ကို ပြုတ်ကျသွားတယ်။ သ တို့သားကလည်း လန့်ပြီး ချိတ်ထားတဲ့ သတို့သမီးလက်မောင်းကို ပြန်ဆွဲလိုက်တယ်။ အားလုံးလည်း လန့်သွားကြတယ်။

``မိုး ဘာဖြစ်တာလဲ။ ဘာဖြစ်သွားတာလဲ နေမကောင်းဘူးလား။ ခေါင်းမူလို့လား။ ကင်မရာမီးတွေငြိမ်းထားပေးပါ``

``မနက်က အစောကြီးထရလို့ထင်တယ``

``လာ  လာ ထိုင်ခုံဆီ ပြန်သွားရအောင်၊  လမ်းလျှောက်လို့ ရောရလား``

သတို့သမီး မျက်လွှာကို အောက်ကိုပဲ ချထားထယ်။ ဘယ်ကိုမှ မကြည့်တော့ဘူး။ နှုတ်ခမ်းတွေထောင် တုန်နေတယ်။ သူ ဘယ်လောက်တုန်လှုပ်သွားမလဲ။ ဘုန်းနေလကို လှမ်းကြည့်တော့ သူက ရှုတည်တည်မျက်နှာပေးနဲ့ လှမ်းကြည့်နေတယ်။ သတို့သမီးကို လူနည်းရာ ခုံတစ်ခုမှာထိုင်ပြီးယပ်ခတ်ပေးနေကြတယ်။ တော်တော်လန့်သွားပုံပဲ။ အခြေအနေက တော်တော်ဆိုသွားတယ်။ အားလုံး သက်ဆိုသူများကလည်း သတို့သမီးနား ၀ိုင်းအုံသွားကြတယ်။

``သွားကြစို့လား``

``ဟုတ်ကဲ့``

အခန်းပြင်ရောက်တော့

``ကဲ ဘယ်လိုလဲ ကျေနပ်သွားပြီလား``

``ဆရာမကို ကျေးဇူးတင်ပါတယ် ဒီလောက်နဲ့တင်လုံလောက်သွားပါပြီ။ သူ ကျွန်တော့်ကို ရုတ်တရက်မြင်လိုက်ရတော့ နှုတ်ခမ်းတောင် ဟသွားတယ်။ ရုပ်ပျက်ဆင်းပျက်ပဲ။

သူက ကျွန်တော့်ကို စိတ်ခေါ်ခဲ့တာကိုး။ ဆရာမ မရိုမသေစကားပြောရရင် သူ့ ကိုယ်ဝန်ကျွန်တော်နဲ့ မဟုတ်ဘူး။ ကျွန်တော် သူနဲ့ မငြိစွန်း ဘူး။ သူက ကျွန်တော့်ကို ဘာကြောင့် အသည်းအသန်ယူခိုင်းမှန်း နောက်မှ သဘောပေါက်တယ်။ သူနဲ့ ကျွန်တော် အပြင်းအထန်စကားများခဲ့ကြတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ ကျွန်တော့် နဲ့ပဲ ပေါ်ပေါ်တင်တင် တွဲခဲ့တော့ ကျွန်တော်လို့ထင်တာပေါ့။

ကဲ ဆရာမစိတ်ကြိုက် ဇာတ်သိမ်းခဲ့တာနော်။ ကျွန်တော့်ဘ၀မှာ သူနဲ့ ပတ်သတ်ပြီး ပြည်ဖုံးကားချလိုက်ပြီ။ တကယ်လည်း ဇာတ်သိမ်းလိုက်ပြီ။ ဆရာမ ဘက်ကပဲ လိုတော့တယ်``

``ဟုတ်ပါပြီ။ ကျွန်မကလည်း ရှင့်ကို ပြန်ကျေးဇူးတင်တယ် ပြောပါရစေ ။ ကျွန်မရဲ့ ``ဇာတ်သိမ်းခန်း`` ၀တ္ထုကို မဂ္ဂဇင်းမှာ စောင့်ဖတ်တော့``

``အိုကေ ဆရာမ ။ ဆရာမကို ကျွန်တော်လေးစားပါတယ်``

``အရင်က ရှင် ကျွန်မကို တော်တော် လေး အမြင်ကတ်ခဲ့တာ မဟုတ်လား``

``အဲဒီလိုကြီးတော့ မဟုတ်ပါဘူး။ နားလည်ပါတယ်။ ဆရာမကြောင့် ကျွန်တော့်ရဲ့ ဇာတ်သိမ်းခန်းဟာ ပိုလှသွားပါပြီ``

``ဟုတ်တယ်လေ ကျွန်မက အဲဒီလို ၀တ္တုထဲကလို ရူးကြောင်ကြောင် အစွန်းရောက်လုပ်ရပ်တွေကို သဘောမကျတော့ဘူး။ ရှင် အဲဒီလိုများ လုပ်ခဲ့ရင် ရှင်ကလူသတ်မှုတစ်ခု ကျူးလွန်ပြန်ဦးမယ်။ အလကားနေရင်း ဘ၀တွေဆုံးရှုံးတယ်။ တစ်ဦးတည်းသာ ရှိတော့တဲ့ ရှင့်အမေကိုလည်း ပြန်ကြည့်ရဦးမယ်။  စိတ်ထင်တိုင်းလုပ်လို့မရဘူး။ နောက်ဆုံးကျ ကိုယ်လုပ်ခဲ့တဲ့ အမှုက ကိုယ်ပဲ တာဝန်ပြန်ယူရတယ်။ ရှင့်ကို အဲဒီလို မဖြစ်စေချင်ဘူး``

သူက ခေါင်းငြိမ့်လိုက်ပြီး ကားကတ်ဆက်ထဲက သီချင်းသံနဲ့အတူ စည်းချက်လိုက်နေတယ်။ သူ့ကြည့်ရတာ ပေါ့ပါးသွားသလိုပဲ။

မထင်မှတ်ဘဲ ဒီဝတ္ထုအတွက် ခေါင်းစဉ်ကိုလည်း ``ဇာတ်သိမ်းခန်း`` လို့ပဲ အမည်ပေးမယ်လို့ ဆုံးဖြတ်လိုက်တော့တယ်။

ချောအိမာန် (မန္တလေး)

၃၀.၇.၀၉

၈း၀၀ AM

Friday, February 12, 2010

စီစဉ်သူ့ စကား

မိုးမာန် စိတ်ကြိုက်မြန်မာ ၀တ္ထုတိုများ


V9 copy.. 7

(မိုးမာန် စိတ်ကြိုက် မြန်မာ ၀တ္တုတိုများ မိတ်ဆက်ပွဲ  3.1.2010 )




ကျွန်မ စီစဉ်ထုတ်ဝေတဲ့ “မိုးမာန် စိတ်ကြိုက် မြန်မာဝတ္ထုတိုများ“ စာအုပ် မိတ်ဆက်ပွဲတွင် အခန်းအနားမှူး အဖြစ်ဆောင်ရွက်ပေးပါသော ဆရာ ညီမင်းညို …

မုဒိတာ နဲ့ အားပေးစကားများ ပြောကြားပေးခဲ့သော ဆရာ နေ၀င်းမြင့် ၊ ဆရာ မျိုးမြင့်ငြိမ်း ၊ ဆရာမ မိချမ်းဝေ တို့အား အထူးကျေးဇူးတင်ရှိပါတယ်။…

အဝေမှ ရောက်ရှိလာကြသော.. ဆရာ မျိုးမြင့်ငြိမ်း ၊ ဆရာ ဦးဆွေ (ဒဿနိက) ၊ ဆရာ ခြိမ့်သဲ ၊ ဆရာ ဂျိုဇော် ၊ ဆရာ မင်းချမ်းမွန် ၊ ဆရာ မြေလတ်မောင်မြင့်သူ ၊ ဆရာ မင်းဝေဟင်၊ ဆရာ ညီမင်းညို၊ ဆရာမ မိချမ်းဝေ ၊ ဆရာမ အဖြူရောင်(ရွှေ)၊ နှင့် တက်ရောက် လာကြသော မြို့ခံ ဆရာ ၊ ဆရာမ များ နှင့် မိတ်ဆွေ များ ၊ ဂျာနယ် သတင်းထောက်များ ၊ စာအုပ်ဖြန့်ဖြူးပေးသော စာအုပ်ဆိုင် ပိုင်ရှင်များ အား ကျေးဇူးအထူးတင်ပါတယ်…..။

1 . . . .  .  2

အဖြူရောင် (ရွှေ) ၊ မင်းဝေဟင် နဲ့ အမှတ်တရ ရန်ကုန် ၊ မန္တလေး စာရေး ဆရာ ၊ ဆရာမများ



3 . . . .  . .  5

ဆရာ မျိုးမြင့်ငြိမ်း                                                        ဆရာ ညီမင်းညို ၊ ဆရာမ မိချမ်းဝေ



4 . . . . . . . .  6

ဆရာ နေ၀င်းမြင့်                                                          ဦးမျိုးမြင့်ငြိမ်း ၊ ဆရာမ ၀င်းဝင်းမြင့် (နန်းတော်ရှေ့) ၊ ဆရာမ မိချမ်းဝေ



မိုးမာန် စိတ်ကြိုက်မြန်မာ ၀တ္ထုတိုများ စာအုပ်ကို… ……..

  • ရန်ကုန် -  မျိုးဆက်သစ် စာပေ .

  • မန္တလေး -  ရာပြည့် ၊ ထွန်းဦး ၊ နဂါး ၊ ညို တို့မှ အဓိက ဖြန့်ပါတယ်။


“Moe Mahn” Publishing House

No, 121 . 27 St. Bet: 76 & 77 , Mandalay.

မိုးမာန် စိတ်ကြိုက်မြန်မာ ၀တ္ထုတိုများ စာအုပ် မိတ်ဆက်ပွဲ

နေရာ     ။       ။ Green Elephant Restaurant

နေ့ရက်။        ။ 3.1.2010

ချောအိမာန် (မန္တလေး)

Thursday, February 11, 2010

စီစဉ်သူ့ စကား

မိုးမာန် စိတ်ကြိုက်မြန်မာ ၀တ္ထုတိုများ

V9 copy

စိတ်ထဲမှာ အာသိသတစ်ခု ကပ်ငြိနေခဲ့တာကြာပြီ။ တခြားတော့ မဟုတ်ပါဘူး။ ရသဖန်တီးသူတွေနဲ့ တွေ့ဆုံနှုတ်ဆက်စကားတွေ ပြောင်းတိုင်း ဆရာ၊ ဆရာမတို့ရဲ့ ၀တ္ထုတိုလေးတွေကို စုစည်းပြီး စိတ်ကြိုက်မြန်မာဝတ္ထုတိုများ စာအုပ်အဖြစ် စုစည်းထုတ်ဝေချင်စိတ် ပေါ်မိတယ်။ ဒါနဲ့ ၂၀၀၈ ဇူလိုင်လထဲ မှာ စပြီးအကောင်အထည်ဖော်ဖြစ်ခဲ့တယ်။ ဟိုအရင်ကတည်းက ဖတ်ခဲ့ရပြီး မှတ်မှတ်သားသားဖြစ်နေခဲ့ရတဲ့ ၀တ္ထုတိုလေးတွေ၊ နောက်ပိုင်းဖတ်ဖြစ်ခဲ့တဲ့ ၀တ္ထုတိုလေးတွေထဲက နှစ်ခြိုက်စရာလေးတွေ `တို့` ထားမိခဲ့တယ်။ အဓိကကတော့ ကျွန်မ နှစ်သက်ခဲ့တဲ့ ရသ၀တ္ထုတိုတွေကို ပြန်လည်မွေးဖွားခြင်းပါ။

ရသစာပေ ဖန်တီးသူတွေက ရန်ကုန် ၊ မန္တလေး၊ မကွေး၊ ချောက်၊ မုံရွာ၊ မိုးကုတ်တွေက ဆိုတော့ အဲဒီ ဆရာ၊ ဆရာမများကို ပိုပြီး နားပူရတယ်။ ဒီလို နားပူလို့ပဲလားမသိဘူး ပြောပြီးပြီးချင်း တစ်ပတ်အတွင်းကို  စာမူတွေ ပို့ပေးကြတယ်။

ပထမတော့ စိတ်ကူးက တစ်မျိုး၊ နောက်ထပ်ဝင်လာတဲ့ စိတ်ကူးတွေက တစ်ဖုံ .. ဒီလိုနဲ့ စိတ်ကူးထဲက ရွှံ့ခဲကြီးကို တဖြည်းဖြည်းချင်း ဖဲ့ချ။ ပြန်လုံး၊ ပြန်ကပ်နဲက ကျွန်မ မြင်ချင်တဲ့၊ လိုချင်တဲ့ ရုပ်လုံးသဏ္ဍာန်ရဖို့ စိတ်ရှည်ရတယ်၊ အချိန်ယူရတယ်။ နောက်ဆုံး ကိုယ်စုစည်းထားတဲ့ `၀တ္ထုတို` တွေကို တစ်စုတစည်းထဲ မြင်လိုက်ရတော့ စိတ်ထဲ ကျေနပ်မိတယ်။

ဒီစာအုပ်စီစဉ်ထုတ်ဝေရခြင်းရဲ့ ရည်ရွယ်ရင်းကတော့ ဖြစ်ချင်တဲ့ဆန္ဒနဲ့ အိပ်မက်ကို အကောင်အထည်ဖော်ကြည့်ခြင်းပါပဲ။ နောက် ၀တ္ထုတိုတွေ ပိုမိုများပြား ရှင်သန်စေချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ ရသစာပေ ဖန်တီးသူတိုင်းဟာ ၀တ္ထုလေးတစ်ပုဒ်ကို တော်ရုံတန်ရုံ စိတ်ကူးမှုမျိုးနဲ့ မွေးဖွာ ဖြစ်ခဲ့ကြတာ မဟုတ်ဘူးဆိုတာ သိစေချင်တဲ့အတွက် ဖန်တီးသူ ရဲ့ ရေးဖြစ်ရခြင်း အကြောင်းအရင်းလေးကို ကဏ္ဍတစ်ခုအနေနဲ့ ဖော်ပြပေး လိုက်ပါတယ်။

ဒီစာအုပ်ဖြစ်လာဖို့ အချိန်တွေ၊ စိတ်ကူးတွေ အများကြီး ယူရတာနဲ့ အမျှ စာဖတ်သူတို့ရဲ့ လက်ထဲကို တန်ဖိုးရှိရှိ ရောက်စေချင်တယ်၊ နှလုံးသား အာဟာရကိုလည်း ပေးချင်တယ်။ ဒီဝတ္ထုစုစည်းမှုစာအုပ်မှာ စာရေးဆရာ ကြီး ၊ လတ်၊ ငယ် ဆရာ ဆရာမများအားလုံး စုစည်းပြီး တစ်အုပ်ထဲမှာ အတူဆုံဆည်း ပေးခွင့်ရတဲ့အတွက် ပိုပြီးလည်း ရင်းနှီး၊ ပိုပြီးလည်း နွေးထွေးစေမယ်လို့ ယုံကြည်မိပါတယ်။

ကျွန်မစာအုပ်အတွက် စာမူတောင်းတဲ့အခါ ယုံကြည်စွာနဲ့ စာမူချီးမြင့်ခဲ့ကြတဲ့ ဆရာ၊ ဆရာမများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စာမူရှင် ဆရာ ဆရာမများနဲ့ ဆက်သွယ်ကူညီပေးခဲ့တဲ့ ဆရာ ဇော်ခိုင်ဦး၊ စာမူတွေကို စေတနာရှေ့ထားပြီး စာစီပေးခဲ့တဲ့ မမိုးသူဇာ (အောင်ပါစေ စာပေ) ၊ စာအုပ်ဖြစ်မြောက်ရေးအတွက် တိုက်တွန်းအားပေးခဲ့တဲ့ (MBA.Ca)။ စိတ်ကူးချိုချို စာအုပ်တိုက်မှ ကိုစန်းဦး၊ မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပုံများကို ရေးဆွဲပေးခဲ့သော ဆရာမုတ်သုံနှင့် ကျွန်မရဲ့ `မိုးမာန် စိတ်ကြိုက်မြန်မာဝတ္ထုတိုများ` စာအုပ်ကို ဖတ်ရှုအားပေးကြမည့် စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူး အထူးတင်ရှိပ်ကြောင်း ပြောလိုပါတယ်။

ချောအိမာန် (မန္တလေး)

၅-၉-၂၀၀၉

ကျွန်မ စီစဉ်ထုတ်ဝေတဲ့ ``မိုးမာန် စိတ်ကြိုက် မြန်မာဝတ္ထုတိုများ`` စာအုပ် မိတ်ဆက်ပွဲတွင် အခန်းအနားမှူး အဖြစ်ဆောင်ရွက်ပေးပါသော ဆရာ ညီမင်းညို ...

မုဒိတာ နဲ့ အားပေးစကားများ ပြောကြားပေးခဲ့သော ဆရာ နေ၀င်းမြင့် ၊ ဆရာ မျိုးမြင့်ငြိမ်း ၊ ဆရာမ မိချမ်းဝေ တို့အား အထူးကျေးဇူးတင်ရှိပါတယ်။...

အဝေမှ ရောက်ရှိလာကြသော.. ဆရာ မျိုးမြင့်ငြိမ်း ၊ ဆရာ ဦးဆွေ(ဒဿနိက) ၊ ဆရာ ခြိမ့်သဲ ၊ ဆရာ ဂျိုဇော် ၊ ဆရာ မင်းချမ်းမွန် ၊ ဆရာ မြေလတ်မောင်မြင့်သူ ၊ ဆရာ မင်းဝေဟင်၊ ဆရာ ညီမင်းညို၊ ဆရာမ မိချမ်းဝေ ၊ ဆရာမ အဖြူရောင်(ရွှေ)၊ နှင့် တက်ရောက် လာကြသော မြို့ခံ ဆရာ ၊ ဆရာမ များ နှင့် မိတ်ဆွေ များ ၊ ဂျာနယ် သတင်းထောက်များ ၊ စာအုပ်ဖြန့်ဖြူးပေးသော စာအုပ်ဆိုင် ပိုင်ရှင်များ အား ကျေးဇူးအထူးတင်ပါတယ်.....။

မိုးမာန် စိတ်ကြိုက်မြန်မာ ၀တ္ထုတိုများ စာအုပ်ကို... ........

  • ရန်ကုန် -  မျိုးဆက်သစ် စာပေ .

  • မန္တလေး -  ရာပြည့် ၊ ထွန်းဦး ၊ နဂါး ၊ ညို တို့မှ အဓိက ဖြန့်ပါတယ်။


"Moe Mahn" Publishing House

No, 121 . 27 St. Bet: 76 & 77 , Mandalay.

မိုးမာန် စိတ်ကြိုက်မြန်မာ ၀တ္ထုတိုများ စာအုပ် မိတ်ဆက်ပွဲ

နေရာ     ။       ။ Green Elephant Restaurant

နေ့ရက်။        ။ 3.1.2010

ချောအိမာန် (မန္တလေး)

မိုးမာန် စိတ်ကြိုက် မြန်မာ ၀တ္ထုတိုများ

SHwe

  • လေးနက်ခြင်း.... သိမ်မွေ့ခြင်း.....  တည်ငြိမ်ခြင်း ...



  • လူ့စရိုက် လူ့သဘော နှင့် ခေတ်အခြေအနေတို့ကို


အနီးကပ် တွေ့လိုက်ရမည်  အနီးကပ် မြင်လိုက်ရမည် အနီးကပ် သိလိုက်ရမည်

  • စာရေးဆရာ တစ်ဦး၏


ဝတ္ထုတစ်ပုဒ် ဖြစ်ပေါ်ဖန်တီးရခြင်း .. စေ့ဆော်မှု့ နှင့် ရေးဖြစ်ရခြင်း အကြောင်း

  • ပန်းချီဆရာ မုတ်သုံ  တစ်ဦးတည်း ၏


အတွင်းအပြင်သရုပ်ဖေါ်ပုံ လက်ရာများ

  • စာရေးဆရာ များ၏


အတ္ထုပ္ပတ္တိ တစ်စိတ်တစ်ဒေသများ

  • စာရေးဆရာ တစ်ဦးစီ၏ ခေတ်အလိုက်


တင်ပြမှု တို့ကို ပေါင်းစပ် သီကုံးထားသော .......

ကလောင်စုံ (၂၉) ဦး ၏ ဘ၀ သရုပ်ဖေါ် ရသ ၀တ္ထုတို စစ်စစ်...

- ကြူးနှစ်

- မာန်မြင့်

- နေ၀င်းမြင့်

- ညီပုလေး

- ၀င်းစည်သူ

- မြတ်သင်း

- ကိုငြိမ်း

- သိုက်ထွန်းသက်

- ဂျိုဇော်

- ခြိမ့်သဲ

- ညိုထွန်းသူ

- ဆူးငှက်

- နတ်မှူး

- မောင်ရင့်မာ (ကျောင်းကုန်း)

- ဦးဆွေ (ဒဿနိက)

- ဇော်ခိုင်ဦး

- မင်းဝေဟင်

- ဒေါင်းနေမင်း

- မောင်နှင်းပန်း

- ယဉ်ယဉ်နု (မန္တလေး)

- ခင်ခင်ထူး

- မိချမ်းဝေ

- မေမောင်

- ၀င်းဝင်းမြင့်

- နှင်းဝေငြိမ်း

- ချောအိမာန် (မန္တလေး)

- ငွေဇင်ယော်ဦး (မိုးကုတ်)

- အဖြူရောင် (ရွှေ)

- မြူမြူ

Wednesday, February 10, 2010

စားခံလိုက်ရတဲ့ဘဝ


ဂိမ်းထဲက
ရုတ်တရက်ထွက်လာတဲ့
စက်သေနတ်နဲ့လူကြီးက
အိတ်ထောင်ထဲက
တစ်ထောင်တန်တွေကို
လှမ်းယူစားသွားတယ်......
Chat ထဲက
အမည်ဝှက် နတ်မိမယ်က
နှုတ်ခမ်းပါးလေးနဲ့
သားရေအိတ်ထဲက ခြင်္သေ့တွေကို
ကောက်ခါငင်ကာ ယူစားသွားတယ်...
ရပ်ကွက်ထဲက
ဆံပင်ရှည်ရှည်
ဘော်ဒီလှလှ မယ်မဒီလေးက
နေ့တိုင်းနေ့တိုင်း အလီတွေလာရွတ်ပြလို့
သေတ္တာထဲက အမေ့အသဲနှလုံးကိုပေးလိုက်ရတယ်......
လက်ဖက်ရည် မကြိုက်ပါဘူး
လုံးနေတဲ့ ဘောလုံးကြိုက်တာပါလို့
အားတက်သရော ပြောခဲ့မိပါမှ
အိမ်ပြန်လာတော့ ထိုင်စရာပါမလာတော့ဘူး
စီးတော်ယာဉ်လေး လက်ဖက်ရည်ဆိုင်ရှေ့
ငုတ်တုတ်ကျန်နေခဲ့တယ်........


စိတ်မပူနဲ့ကိုယ့်လူ
ဘယ်သူမှ မကယ်ရင်နေ
ကိုယ်ကယ်မယ်ဆိုပြီး
ဝတ်ဖြူစင်ကြယ်ကို
စုံလုံးပုံ.........ခြုံကိုဝင်တိုးလိုက်ခါမှ.....
ပြန်စရာအိမ်မရှိတော့တဲ့ဘဝ
ကဲ ဘာများကောင်းသေးလဲ
အမှန်တော့ ........
အစကနေအဆုံး
တကယ်မကောင်းခဲ့တာက
ကျွန်တော်ပါ........

ချောအိမာန် (မန္တလေး)

“လိပ်ပြာဝှက်သူ”


ပြီးခဲ့တဲ့အတိတ်ကို
မေ့ပစ်လိုက်ပါလား
ပစ္စုပ္ပန်ထဲက ကမ္ဘာကြီးကို
မျက်မှန်စိမ်းတပ်ကြည့်မှာလား
ကိုယ်ရင်ထဲက အတ္တတွေရော
အမှန်မှမြင်ရဲ့လား . . .

မင်းကမဟုတ်ဘူး မဟုတ်ဘူးနဲ့
ကွယ်ရာကျမှ တစ်ယောက်တည်း
ဟုတ်ပါတယ်လို့
တတ်တိတ်ဝန်ခံနေတာ
ဘာလုပ်ဖို့လဲ. . . .

ပြောင်းလဲခြင်းတွေ တစ်နှစ်ပြီးတစ်နှစ်
ဒီရေတက်သလို မြန်ဆန်နေပေမယ့်
ငါနှလုံးသားက
မင်းရှိတဲ့တစ်နေရာတည်းကိုသာ
ကျေက်ဆူးချထားမိတာ
တကယ်တော့ ပုံပြင်ဇာတ်လမ်း မဟုတ်ပါဘူး. . .

မီးမောင်းတွေ ပတ်လည်ထိုးထားတဲ့
ငါရင်ခွင်မှာ
ကိုယ်တိုင်ပူခြင်းထက်
မဆိုင်သူတွေပူနေတာကို
သနားမိတယ်. . . .

ဒီနှစ်နွေမှာ
ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့
တစ်နှစ်တာရဲ့ အပြစ်တွေအတွက်
ဆေးကြောဖို့
သင်္ကြန်ရေတွေ လုံလောက်နေဦးမှာပါ. . . .

နှစ်တွေလည်းပြောင်း
ပိတောက်တွေလဲတုံး
ကျုံးရေလည်း ခန်းပြီဆိုရင်တော့
ချစ်သူရေ
တိတ်တိတ်လေး ကိုယ်ကိုလာကြည့်ပါ
ကိုယ်လိပ်ပြာကို လုံခြုံတဲ့
တစ်နေရာမှာတော့
သိုဝှက်သိမ်းဆည်းထားခဲ့ပါ့မယ် . . . ။

ချောအိမာန်(မန္တလေး)
“နန်းမြင့်” ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၀) မှ

“လိပ်ပြာဝှက်သူ”


ပြီးခဲ့တဲ့အတိတ်ကို
မေ့ပစ်လိုက်ပါလား
ပစ္စုပ္ပန်ထဲက ကမ္ဘာကြီးကို
မျက်မှန်စိမ်းတပ်ကြည့်မှာလား
ကိုယ်ရင်ထဲက အတ္တတွေရော
အမှန်မှမြင်ရဲ့လား . . .

မင်းကမဟုတ်ဘူး မဟုတ်ဘူးနဲ့
ကွယ်ရာကျမှ တစ်ယောက်တည်း
ဟုတ်ပါတယ်လို့
တတ်တိတ်ဝန်ခံနေတာ
ဘာလုပ်ဖို့လဲ. . . .

ပြောင်းလဲခြင်းတွေ တစ်နှစ်ပြီးတစ်နှစ်
ဒီရေတက်သလို မြန်ဆန်နေပေမယ့်
ငါနှလုံးသားက
မင်းရှိတဲ့တစ်နေရာတည်းကိုသာ
ကျေက်ဆူးချထားမိတာ
တကယ်တော့ ပုံပြင်ဇာတ်လမ်း မဟုတ်ပါဘူး. . .

မီးမောင်းတွေ ပတ်လည်ထိုးထားတဲ့
ငါရင်ခွင်မှာ
ကိုယ်တိုင်ပူခြင်းထက်
မဆိုင်သူတွေပူနေတာကို
သနားမိတယ်. . . .

ဒီနှစ်နွေမှာ
ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့
တစ်နှစ်တာရဲ့ အပြစ်တွေအတွက်
ဆေးကြောဖို့
သင်္ကြန်ရေတွေ လုံလောက်နေဦးမှာပါ. . . .

နှစ်တွေလည်းပြောင်း
ပိတောက်တွေလဲတုံး
ကျုံးရေလည်း ခန်းပြီဆိုရင်တော့
ချစ်သူရေ
တိတ်တိတ်လေး ကိုယ်ကိုလာကြည့်ပါ
ကိုယ်လိပ်ပြာကို လုံခြုံတဲ့
တစ်နေရာမှာတော့
သိုဝှက်သိမ်းဆည်းထားခဲ့ပါ့မယ် . . . ။

ချောအိမာန်(မန္တလေး)
“နန်းမြင့်” ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၀) မှ

မှန်

အမှန်တရားက
ဘောင်ခတ်ထားတဲ့
စတုရန်းကွက်တွေထဲကနေ
ကိုယ်လွတ်ရုန်းခဲ့တယ်.........

သံဆူးကြိုးတွေနဲ့
ထပ်ဆင့်မွမ်းမံလိုက်တော့
အနုပညာမှော်ကြိုးတွေ
သွေးစိမ်းစိမ်းထွက်မတတ်
မစာနာတတ်သူတွေကို
တဂိုး ရဲ့ အဆိပ်တစ်ခွက်နဲ့
ပစ်ပေါက်လိုက်ချင်ရဲ့...........

ယုံကြည်မှုခွန်အားနဲ့တော့
အမှန်တရားကိုရှာဖွေတွေ့ရှိနိုင်ဖို့
ငါ့ညတွေကို
အကြိမ်ကြိမ်ဝါးမြိုပစ်ခဲ့တယ်.............။ ။


ချောအိမာန် (မန္တလေး)

ရင်မြေကတုတ်

ကလေးတွေက
အပြိုအပျက်တွေကြားမှာ
ကျီးလန့်စာစား ကစားနေကြတယ်...........

သံချပ်ကာ တင့်ကားတွေက
တိုးတိတ်ပျော်ရွှင်မှုကို ဖြိုခွင်း
ခြံစည်းရိုးတွေကို နင်းချေလိုက်တယ်................

ဆူညံပေါက်ကွဲသံတွေကြားမှာ
အပြစ်မဲ့တဲ့ ကလေးတွေရဲ့
သွေးအလူးလူး ကစဥ့်ကလျား
အော်ဟစ်ငိုသံများ.................

အမေတစ်ယောက်
လက်နှစ်ဘက်ကိုဖွင့် ရင်ကိုစွင့်ပြီး
"ကျွန်မကို သတ်ပါ
ကျွန်မကလေးတွေကို မသတ်ပါနဲ့" တဲ့.........

ဥဇဘက်ကစ္စတန်က အမေရဲ့အသံ
တစ်ကမ္ဘာလုံး ညံသွားတယ်..........။ ။

သင်းဝေအောင်
(ချယ်ရီ - ၂၀၀၈ - အောက်တိုဘာ)


ချောအိမာန် (မန္တလေး)

အနှစ် "၁၅၀"မှတ်တမ်း



MADE in MANDALAY


နန်းတော်ရှေ့ဆရာတင်
မြို့မငြိမ်း
အချုပ်တန်းဆရာဖေ
လူထုဒေါ်အမာ လူထုဦးလှ
Dr. သန်းထွန်း ဦးမောင်မောင်တင်
ဆရာခြုံ ပေါ်ဦးသက်
ရွှေဥဒေါင်း စိန်ဗေဒါ
ဦးရာဇာတ် ကိုဗဟိန်း
ဒေါ်မေရှင် ဘွားဦးဇွန်း
Dr. ထွန်းရွှေ MA ဒေါ်အုန်း
ရွှေမန်းတင်မောင် ဒေါ်သြဘာသောင်း
ရိုးဒီ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)








အနှစ် "၁၅၀"မှတ်တမ်း


*မြို့ရိုး နဲ့ ကျုံးရေပြင်
သမိုင်းတွင်တဲ့ စိတ်ဓာတ်။


*ခေတ်အဆက်ဆက် အလင်းရောင်နဲ့
ကုန်းဘောင်ပြဇာတ်။


သစ်နေ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)


ချောအိမာန် (မန္တလေး)

အနှစ် "၁၅၀"မှတ်တမ်း



MADE in MANDALAY


နန်းတော်ရှေ့ဆရာတင်
မြို့မငြိမ်း
အချုပ်တန်းဆရာဖေ
လူထုဒေါ်အမာ လူထုဦးလှ
Dr. သန်းထွန်း ဦးမောင်မောင်တင်
ဆရာခြုံ ပေါ်ဦးသက်
ရွှေဥဒေါင်း စိန်ဗေဒါ
ဦးရာဇာတ် ကိုဗဟိန်း
ဒေါ်မေရှင် ဘွားဦးဇွန်း
Dr. ထွန်းရွှေ MA ဒေါ်အုန်း
ရွှေမန်းတင်မောင် ဒေါ်သြဘာသောင်း
ရိုးဒီ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)








အနှစ် "၁၅၀"မှတ်တမ်း


*မြို့ရိုး နဲ့ ကျုံးရေပြင်
သမိုင်းတွင်တဲ့ စိတ်ဓာတ်။


*ခေတ်အဆက်ဆက် အလင်းရောင်နဲ့
ကုန်းဘောင်ပြဇာတ်။


သစ်နေ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)


ချောအိမာန် (မန္တလေး)

၂၀၀၉ - မန္တလေး



မိုးထိအဆောက်အဦတွေက တိမ်ကိုနမ်းရှိုက်
နာရီစင် တဖြည်းဖြည်းပုဝင်သွား
မြေကြီးထဲ ကျွံကျ


ကောင်မလေးတွေ ပိုလှလာတယ်
မာကျူရီညတွေပိုပြီး သုခဘုံဆန်လာတယ်။


ပုလင်းသံ
ဖန်ခွက်သံ
ဇွန်းသံ၊ ခရင်းသံ
နှုတ်ခမ်းနီ
ပေါင်ဖြူဖြူ ဂါဝန်စကပ်
ဒေါက်ဖိနပ်ရောင်စုံ အကပြိုင်
ငွေနဲ့ဝယ်ယူလို့ရတဲ့ ပျော်ရွှင်မှုတွေ
ငွေနဲ့ဝယ်ယူလို့ရတဲ့ အချစ်တွေ
ငွေနဲ့ဝယ်ယူလို့ရတဲ့ ကိုယ်ကျင့်တရားတွေ
ငွေနဲ့ဝယ်ယူလို့ရတဲ့ လူ့ဂုဏ်သိက္ခာတွေ။
မာနမကြီးစမ်းပါနဲ့
အနုပညာဆိုတာကလည်း ငွေနဲ့လုပ်မှအဆင်ပြေတာ
ငွေနဲ့လုပ်တဲ့ အနုပညာမှလည်း
တန်ဖိုးထား အထင်ကြီးချင်ကြတာ။
အဲဒီအနုပညာဆိုတာကိုလည်း
လူကုံထန်တွေကပဲ နှစ်သက်ခံစားနိုင်ကြတာ။


လူတွေက ရိုဘော့စ်ဖြစ်
ရိုဘော့စ်တွေက လူဖြစ်
ဂလိုဘယ်လ် ကမ္ဘာခေတ်ကြီးထဲမှာ
ကဗျာရေးတဲ့ မြို့သစ်သားကဗျာဆရာတွေခမျာမတော့


အင်တာနက်၊ ဆိုက်ဘာ၊ အီးမေးလ်
ကာလပေါ် စကားလုံးတွေ စီးချင်းထိုးရင်း
အိမ်ရှင်မရဲ့ မျက်စောင်းဒဏ်
မရှုမလှခံနေကြရတယ်။
မောင်သင်းဝေ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)

ချောအိမာန် (မန္တလေး)

အို......မဝေးဘူးရောက်လုပါပြီ












အို......မဝေးဘူးရောက်လုပါပြီ


*မန္တလေးရွှေမြို့ တို့ရတနာပုံနေပြည်
တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ
လွမ်းတော်မူလို့ စာကိုစီတယ်......တိမ်နီ တိမ်ပြာ တိမ်ဝါတွေနဲ့
အုတ်ကျစ်ကျော်အေး မန္တလေး
အလှမ်းမဝေးဘူးကွဲ့ သွားရအောင်။
*ဆိုးတဲ့မိုက်တဲ့နေရာမှာ အတုမရှိဘူးလား
အတုမရှိကျောင်းတော်ကိုသွား၊
အကုသိုလ်အကျိုးပေးရာ မိုးလိုက်လို့ရွာပြီလား
ကုသိုလ်တော်ကိုသွား၊
ရွှေကောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်တဲ့လား
ရွှေကျောင်းကြီးကိုသွား၊
ရန်သူဝိုင်းထား ထိုသူအား လွတ်ရာလမ်းမတွေ့ဘူးလား
ရန်ကင်းတောင်တော်ဆီသွား၊
ရာဇဝင်ကို တုတ်ထမ်းပြီး မပြောချင်ဘူးတဲ့လား
ကျုံးနဲ့နန်းတော်ဆီသွား၊
အသက်ကလေးရယ်တဲ့ရှည်စေလို
မန်းတောင်ရိပ်ကို ခိုနိုင်ပြီလား။
*တစ်ချောင်းရွှေရယ် မြောင်းရေငယ်မှပတ်သန်း
တောင်စဉ်ငယ်ထပ်ဇရပ်တန်းနှင့်
လမ်းမတော်သာ သုဓမ္မာမှာ
ရှစ်ရပ်လမ်းအသွယ်သွယ်
ပဉ္စသင်္ဂါယနာတင်ခဲ့တယ်။
*ကောင်းကျိုးအထွေထွေကိုဆင်ခြင်
မုနိမြတ်စွာဘုရားကို ဦးတင်ခဲ့တယ်
မန်းလေးဌာနီ တိုင်းလေးရွှေပြည်
အို.........မဝေးဘူး ရောက်လုပါပြီ။
*နန္ဒာရေဝန်းရံခ ပတ်လည်သာ
ရွှေမန်းတောင်တော်သာ
အို........အို........အို...... ဆန်းပါလှ မြို့နန်းရွှေဝတိံသာ
သီချင်းတအေးအေးနဲ့
(ဝိဇ္ဇာလမ်းမဟုတ်ဘူး)
သိပ္ပံလမ်းကနေ တောင်ဘက်ကိုချိုးသွားတဲ့
စက်ဘီးအုပ်ထဲမှာ
လကမ္ဘာပေါ် ခြေချချင်တဲ့ မန္တလေးသားတစ်ယောက်
စိတ်ကူးတွေအတောင်ပေါက်ပြီး
မြို့သစ်ဆီ တောက်လျှောက်နင်းသွားတယ်။
*ငါတို့ မန္တလေးမှ ဟုတ်ရဲ့လား.......။
မောင်နီဦး(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)

ချောအိမာန် (မန္တလေး)

မီသလောက် မန္တလေး

မြန်မာသက္ကရာဇ် ၁၇၃၁-နှစ်ဆိုရင်
မန္တလေးအနှစ် ၁၅၀-ဒင်ဒင်ပြည့်ပြီပေါ့။
အနှစ် ၁၅၀-ဆိုတာ ဘာမှမကြာပါလားရယ်လို့
အဆွေတော် ကဗျာဆရာမောင်ကြည်သာက ပြောကြားပေမယ့်
မန္တလေးမဟုတ်တဲ့ အကျွနုပ်အဖို့
မင်းတုန်းမင်းတရားလည်း မဖူးခဲ့ဖူးပါဘူး။
သီပေါမင်းတရားထံလည်း မခစားခဲ့ဖူးပါဘူး။
စုဖုရားလတ်နဲ့လည်း မငြင်းခုန်ခဲ့ဖူးပါဘူး။
ကနောင် တိုင်းတား ကင်းဝန် တို့နဲ့လည်း
တိုင်းရေးပြည်ရေး မဆွေးနွေးခဲ့ဖူးပါဘူး။
စလေဦးပုည၊ လှိုင်ထိပ်ထားတို့နဲ့လည်း
Any Way၊ ယူနီစန်ကဖေး မထိုင်ခဲ့ဖူးပါဘူး။
သူတို့အကြောင်းတွေကိုတော့ စာထဲမှာသာဖတ်ရ
ဇာတ် အငြိမ့်တွေမှာသာ နောက်ပိုင်း အော်ပရာအနေနဲ့သာ
ရာဇဝင်အူပေါက် ကပြတတ်တာလောက်ပဲ သိခဲ့ရတာပါ။
ကျွန်ုပ်သိခဲ့တာက ၁၉၈၀-နောက်ပိုင်း
မန္တလေးရဲ့သမိုင်းပါ။
ဒုတိယ မြနန်းစံကျော်ရွှေနန်းတော်ကြီးလည်း
ပေါ်ပေါက်လာပြီ။
မြေကျုံးက အုတ်ကျုံးဖြစ်သွားပြီ။
၁၂-ရုံးဈေးချိုတော်က
၅-ထပ် ၆-ထပ် အဆင့်မြင့်ဈေးချိုဖြစ်သွားပြီ။
၂-ထပ်တဲ့ မပိုတဲ့ တိုက်တွေအကြား
၇-ထပ် ၈-ထပ် ၉-ထပ် မိုးမျှော်တိုက်တွေပေါ်လာပြီး
ကွက်လပ်တွေအစား
ပန်းခြံတွေ၊ ကစားကွင်းတွေ၊ တိရိစ္ဆာန်ရုံနဲ့ တိုက်တာတွေပေါ်လာပြီး
တစ်လမ်းမောင်း၊ နှစ်လမ်းမောင်းတွေပေါ်မှာ
နောက်ဆုံးပေါ်ကားတွေ၊ ဆိုင်ကယ်တွေ၊ မတလတွေ
စက်ဘီးတွေ၊ ဆိုက္ကားတွေ၊ ချယ်ကာလီတွေ
စူပါမားကတ်ဈေးတွေပေါ်မှာ
ဈေးဝယ်နေကြတာက ဘောင်းဘီတိုဝတ်တွေ
စကတ်ဝတ်တွေ၊ သရီးစကွဲယားဝတ်တွေ
မန္တလေးမြို့ကြီးဟာ တစ်နေ့ထက်တစ်နေ့စည်ကား
တစ်နှစ်ထက်တစ်နှစ် တိုးတက်
နောင် အနှစ် ၅၀ မှ အနှစ်......၂၀၀ပြည့်ခဲ့ရင်
ဟုတ်ကဲ့........အကျွန်ုပ်သားကပဲ
မန္တလေးအကြောင်း ဆက်ရေးပါလိမ့်မယ်။
မင်းတင်ထွဏ်း(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)


ချောအိမာန် (မန္တလေး)

ဖီးနစ်မြို့



*၁၈၈၅-၁၉၄၈
အလံများ လွှင့်ဖူးခဲ့သလို
အလံများကျခဲ့။
*၁၈၈၅-၁၉၄၈
ဆည်းလည်းသံများသံခဲ့သလို
သေနတ်သံများညံခဲ့။
*ဒီမှာ
ရန်သူမျိုး ၅-ပါး ပြဇာတ်များ
ကပ်ကြီး ၃-ပါး အော်ပရာများ။
*ဒီမှာ
ညကို ကြယ်များပြန်လည်တပ်ဆင်ကာ
ပြာပုံထက်က အကြိမ်ကြိမ်ထ။
*ဘယ်တော့မှ ပါတော်မမူတဲ့စိတ်ဓာတ်က
ထီးဖြူကိုမိုး ပလ္လင်ကိုခံ။
*ဘယ်တော့မှ နေမဝင်တဲ့ချစ်စိတ်က
သိုင်းကိုဆွဲ ကျိုင်းကိုင်။
*သည်မြေ သည်ရေ သည်လေဟာ
ခန္ဓာကိုယ်ကိုလည်ပတ် သွေးအုပ်စုတစ်စု။
*သည်ဂုဏ်၊ သည်အဆင်း၊ သည်အချင်းဟာ
အသက်ရှူမှုအတွက် အကူကိရိယာ။
*ငရဲမှာလည်း ခံဖူးခဲ့သလို
နတ်ပြည်မှာလည်း စံဖူးခဲ့ရာ။
*အခု.....
သင့်တောင်ပံအတွက် ရွှေဆိုင်းတစ်ချပ်
အလွမ်းနဲ့ခတ်လို့ လှူဒါန်းလိုက်တယ်ဆိုပါစို့။
စံငြိမ်းဦး(မန္တလေးနှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)

ချောအိမာန် (မန္တလေး)

ယခင်အခါ







ယခင်အခါ


*တန်ဆောင်းတော်ပြအိုးနဲ့
မြို့ရိုးမြင့်နီကြန်ကြန်
ကျုံးပတ်လို့ရံ။
မင်းမင့်တို့စံ၊ ခွန်ပေသည်မြို့ကျေး၊
*ခေါင်းလောင်းသံသာသာနဲ့
စည်ကြီးသံဝါဝါနဲ့
ယမန်ခါသည်လိုညှင်းတယ်
မင်းသံတဲ့လေး။
*ရွှေထီးကတဝါဝါ
ဝဲလက်ယာရွှေကျိုင်းနှင့်
သိုင်းဝင့်လို့လာ။
*ဝန်ရှင်တော်မဟာ
ပြည်ရွာလုံရေအေး
ရွှေဗောင်းတင်ဆင်ကာနဲ့
ရွှေဝေါ ညင်သာသာနဲ့
ယခင်ခါ သည်လိုခင်းတယ်
မင်းဟန်တဲ့လေး။
ဇော်ဂျီ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)

ချောအိမာန် (မန္တလေး)

အစိမ်းရောင်နေ့သစ်များ 3

(၃)
သူမတို့နှစ်ယောက် လေလှိုင်းထဲမှာ မက်ခဲ့တဲ့ အိမ်မက်တွေဟာ အချိန်တန်သွားပြီ ထင်ပါရဲ့ Asia ကို အလုပ်တွေနဲ့ ရောက်လာတဲ့သူက တွေ့ဆုံရအောင် သူမကို ချိန်းတယ်။ သူမဘက်ကလည်း ကုမ္ပဏီအလုပ် ခရီးစဉ်နဲ့ စင်ကာပူဖိလစ်ပိုင် ဘန်ကောက်ကို သွားရမယ်ဆိုတော့ သူမဘက်က လည်း ခေါင်းငြိမ့် လိုက်တယ်။
မာမီကို ဖွင့်ပြောတော့ သူမသဘောကို နား လည်တဲ့ မာမီက ထုံးစံအတိုင်း ဦးနှောက်ရော နှလုံး သားရော အလုပ်လုပ်ပါလို့ မှာလိုက်တယ်။
ခုဆိုရင် သူဟာ လေဆိပ်မှာ သူမကို စောင့် ကြိုနေလောက်ပြီပေါ့။ အ၀တ်အစားကအစ ဘာဝတ်မယ်လို့ ဘာမှမပြောထားကြတဲ့အတွက် လာကြိုမယ့်သူဟာ သူမကို ဘယ်လိုပုံစံနဲ့ရှာမလဲ။ ရင်မောသလို ရင်လည်းခုန်မိတယ်။ အင်မီဂရေးရှင်း မှာ ဖြတ်အပြီး သူမအိတ်တွေရှိရာကို လျှောက်လာ ခဲ့တယ်။ ဘ၀မှာ ရင်ခုန်ရဆုံး ခြေလှမ်းတွေနဲ့အတူ ကြိုသူတွေရှိတဲ့ဘက် မျက်လုံးဝှေ့ကြည့်လိုက်တယ်။ သူမမှားသွားပြီလားလို့ ဖြတ်ကနဲ တွေးမိတယ်။ တကယ်တမ်းဆို သူဟာ ကြိုမယ့်သူ သူမကို သိ အောင်တော့ ကြိုးစားသင့်တာပေါ့။ ခုတော့ တစ် ယောက်နဲ့တစ်ယောက်မမြင်ဘူးဘဲဘယ်လိုရှာမလဲ။
အိတ်ကို ရွေးပြီး ကြိုတဲ့သူတွေထဲရှာမိတယ်။ သူမကို လှမ်းကြည့်နေတဲ့ တစ်စုံတစ်ဦးကို တွေ့ရ တယ်။ အင်္ကျီအဖြူ ဘောင်းဘီနက်ပြာနဲ့ နက်တိုင် အစင်းလေးနဲ့ သူ့ကို သူမလည်း ပြန်ကြည့်နေမိ တယ်။ သူလား . . .
ခြေလှမ်းတွေက တဖြည်းဖြည်းနီးလာတယ်။ သူက သူမထွက်လာရာ မှန်တံခါးပေါက်ဘက် လျှောက် လာတယ်။ ခြေလှမ်း ဆယ်လှမ်းလောက်အကွာမှာ သူ သူမကို လှိုက်လှိုက်လှဲလှဲပြုံးပြတယ်။
နောက် သူမကို လက်ကမ်းပေးတယ်။
အိုး သူ သေချာသွားပြီလား။
သူဟာ တကယ်ကို ချောမောလှပမနေပေမယ့် ကြည့် ကောင်းတဲ့ လူတစ်ယောက်ပေါ့။
“ချစ်ခွန်းချို နေကောင်းတယ်နော်”
သူ့ရဲ့ လှိုက်လှိုက်လှဲလှဲ စကားသံကို ခေါင်းငြိမ့်လိုက် တယ်။ သူမကို သူ ဘယ်လိုသိနေခဲ့လဲဆိုတဲ့ အမေး ကို
“မနေ့ညကမှ အသည်းအသန်ချို့ဘလော့ကို ရှာပြီး ကြည့်ခဲ့တယ်။ သူငယ်ချင်းကပြောတယ် ချို ဘလော့ မှာ ဓာတ်ပုံတင်ထားတယ်လို့။ ကိုယ်က လာကြိုရမှာ ဆိုတော့ မမြင်ဘူးလို့မဖြစ်ဘူး”
“သြော် ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက်မြင်ဖူး အောင် ဘာလို့မကြိုးစားခဲ့ကြပါလိမ့်နော်”
“ကိုယ်က ရိုးရိုးသားသားနဲ့ အမှန်တကယ်ချစ်တာကို လိုချင်တာလေ For Me You Like a doll, You Like aToy”

ဆိုပြီးသဘောကျစွာရယ်မောပါတယ်။
သူမလည်း မထင်မှတ်ဘဲ သူ့ရဲ့ မျက်နှာကို ကြည့်ရင်း ရယ်မောမိတယ်။
သူမတို့နှစ်ယောက်ရဲ့ ညတွေဟာ အရင်က ထက် ပိုလင်းလာသလို ခံစားရတယ်။
___________
မာမီရေ ချို ဦးနှောက်ရော နှလုံးသားရော အလုပ်လုပ်ခဲ့ပါတယ်။ သူက ချိုထင်ထားတာထက် ကို တော်တဲ့သူတစ်ယောက်ဖြစ်ပြီး ချို့ကိုလည်း ဂရု စိုက်ပါတယ်။ ချိုကျေနပ်မိတယ်မာမီ။
ချို သူ့ကို အဖြေအတိအကျပေးဖြစ်သွားမယ် ထင်ပါရဲ့ ချိုနဲ့သူ အခုဘာတွေလုပ်နေလဲသိလား။ သူ လုပ်နေတဲ့Green နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ၊ ဆွေး နွေးပွဲတွေမှာ ချိုတို့နှစ်ယောက် အတူလုပ်ဖြစ်ကြ တယ်။ ချို့အလုပ်တွေကိုလည်း သူကူညီတယ်။ ချို စာတွေလည်း ပိုရေးဖြစ်တယ်။
နောက်နှစ်ရက်လောက်ဆို ဖိလစ်ပိုင်က ကျွန်း ငယ်လေး ဘက်သွားမယ်။ အဲဒီမှာ မြေဆီလွှာ ပျက်စီးထိန်းသိမ်းမှုကို ကာကွယ်ဖို့ ကြိုတင်ပြင် ဆင်နေပြီ။ အဲဒီပရော့ ဂျက်မှာ ချိုပါ ပါဝင်ခွင့်ရလို့ ၀မ်းသာတယ်မာမီ။ ပြီး ရင် တတ်နိုင်သလောက်Greenကို ထိန်းသိမ်းတဲ့ အနေနဲ့ သစ်ပင်တွေ စိုက်ပျိုးကြဦးမှာ။ ဒီမှာGreenတွေကို ဦးစား ပေးတဲ့ စာအိတ်တွေ၊ ဈေးဝယ်အိတ်တွေကို သုံး လာပြီ။ အ၀တ်စအိတ်၊ ချည်အိတ်တွေက မြေဆီလွှာ ဆုံးရှုံးမှုကို သက်သာစေတယ်။Green ကို အမြဲ အမှတ်ရနေစေဖို့ ကြော်ငြာဆိုင်းဘုတ်တွေ လက် ကမ်းတွေကအစ အစိမ်းရောင်ကို သုံးထားကြ တယ်။
ချိုလည်းမြန်မာပြည်ကို ပြန်ရောက်ရင်Greenဦးစားပေးလုပ်ငန်းတွေကို ဆောင်ရွက်ချင်တယ်။ ချို တို့ တိုင်းပြည်က ပူတယ်မဟုတ်လား။ မန္တလေး တောင်ဆိုရင် အပင်တွေမျိုးပြုန်းတာကြာလှပေါ့။ ကျုံးဘေးက ကုက္ကိုပင်ကြီးတွေကို လွယ်လွယ်ကူကူ ခုတ်ပစ်တာလည်း နှမျောတယ်။ မန္တလေးတောင် တက်အပင်ပွားလေးတွေယူပြီး စိုက်ဖို့စိတ်ကူးတယ်။ ဒီမှာ အသီးအရွက်တွေကို ခြံကျယ်တဲ့သူတွေက အိမ်တင်စိုက်ပျိုးပြီး ကိုယ့်ရပ်ကွက်ထဲမှာ ဈေး သက်သက်သာသာနဲ့ ပြန်ရောင်းပေးတယ်။ Not Spray ဆိုပြီး တံဆိပ်တပ်ရောင်းတယ်။ ကျန်းမာ ရေးအတွက်လည်း ကောင်းတယ်။ သန့်ရှင်းလတ် ဆတ်တယ်။ ဒါမျိုးစနစ်တွေများလာရင် သယ်ယူပို့ ဆောင်ရေးစရိတ်သက်သာပြီး အိတ်ဇောငွေ့ ထွက် နှုန်းလည်း လျှော့နည်းလာမယ်။ အဲဒီအတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်တယ်။ အနည်းစုကနေ အများစုဖြစ်လာရင် အကျိုးသက်ရောက်မှု ပိုများလာလေပဲ။
မာမီ လည်း အိမ်ထဲမှာ အပင်တွေကိုရှုပ်လို့ ဆိုပြီး လျှောက်မခုတ်နဲ့နော်။ ဒီမှာတော့ အပင် တွေကို အရမ်းတန်ဖိုးထားကြတယ်။ အိမ်ရဲ့ မြေပို နေရာတွေမှာGreen Grass တွေ စိုက်ပျိုး ထားကြ တယ်။ အိုကေလေ မာမီ နောက်မှဆက်ရေးမယ်။
ချစ်တဲ့
ချို
ခေတ္တ စင်ကာပူ

အီမေးလ်က ပို့တဲ့ စာလေးကို ဖတ်ပြီး မာမီပြုံးနေမှာ သေချာပါတယ်။
သူမကတော့ သူမရင်ခုန်သံကို ပြန်တွေ့ရလို့ အရမ်း ပျော်ရွှင်ခဲ့ရပါတယ်။ ဖုန်းနံပါတ်လေးတစ်ခုနဲ့ လေလှိုင်းထဲက ရင်းနှီးခွင့်ရတဲ့ ချစ်သူရဲ့ ပခုံးထက်မှာ နွေးထွေးခြင်းနဲ့ စိမ်းရောင်သင်္ကေတတွေကို သူမ မက်မောတယ်။
အစိမ်းရောင်ဟာ သူမတို့နှစ်ယောက်ကြားမှာ စိမ်းကားခြင်းမဟုတ်ခဲ့ပါဘူး။ စိမ်းလန်းတဲ့အတွေး တွေနဲ့ စိမ်းလန်းတဲ့ မြေကမ္ဘာနေ့တွေထဲ အတူလက် တွဲလျှောက်ဖို့ မျှော်လင့်ချက်အပြည့် ရည်ရွယ်ချက် အပြည့်တွေနဲ့ပေါ့။

ချောအိမာန်(မန္တလေး)
၂၇.၆.၀၉
2:00PM

အစိမ်းရောင်နေ့သစ်များ ၂

(၂)
“မာမီ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို ဘယ်လို ယုံရမလဲ။ ချို့ကို လူတစ်ဦးက ချစ်ခွင့်တောင်းဆိုနေ ပြီ အဲဒီလူကို ချိုမမြင်ဘူးဖူး”
သူမ အမေးကို မာမီက ရင်ဘတ်ဖိရင်းဗုဒ္ဓေါ ဘုရားရေလို့ တလိုက်တယ်။
“ငါ့သမီးက မမြင်ဘူးဘဲ ဘယ်လိုများဆုံကြတာလဲ”
“ချို့သူငယ်ချင်းတစ်ယောက်ကနေ သိပြီး ဖုန်းဆက် လာတယ်။ ဖုန်းနဲ့စကားပြောကြတယ်။ နောက် ချို ကို သံယောဇဉ်ဖြစ်ပြီး သဘောကျကြောင်းပြောတယ်။ သူက အခု နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ ကွန်ပျူတာSectionပိုင်းမှာ အလုပ်လုပ်နေပါတယ်။ ချိုနဲ့သူ စကားတွေတော်တော်များများပြောဖြစ်ကြတယ်။ မာမီ ချို ခုချိန်ထိ ခန့်မှန်းရသလောက် သူဟာ လူ ကောင်းတစ်ယောက်ဖြစ်သလို လူတော်လည်းဖြစ် လိမ့်မယ်ထင်တယ်”
မာမီက သူမကိုကြည့်ပြီး ပြုံးတယ်။
“မာမီ ဘာပြုံးတာလဲ”
“သမီး သူ့ကို စိတ်ဝင်စားနေပြီ”
“ဟာ မဟုတ်သေးပါဘူး မာမီကလဲ”
“မမြင်ဘူးသေးတဲ့ သူတစ်ယောက်အကြောင်း ဒီလောက်သိပြီဆိုရင် လုံလောက်တဲ့ အခြေခံအချက် ရှိလို့ပဲချို သမီးဦးနှောက်နဲ့ ဆုံးဖြတ်ခိုင်းထားပြီးသားပဲ နှလုံးသားအစစ်ကိုရအောင်ရှာ၊ ပြီးရင် ကိုယ့်ဟာ ကိုယ် ဆင်ခြင်သုံးသပ်။ကိုယ်ရွေးချယ်လိုက်ပြီဆိုရင် တော့ မှားမှား၊ မှန်မှန် သမီးဘ၀ကို တည့်မတ်အောင် တော့ လျှောက်လှမ်းနိုင်ရမယ်။ ဘ၀လက်တွဲဖော်ဆို တာ သွားတဲ့လမ်းကြောင်းချင်း၊ အတွေးချင်းကတော့ တူညီနိုင်မှ အကောင်းဆုံးပဲ လူကို ယုံကြည်လို့ရ သွားရင်တော့ သူ့အချစ်ကို ယုံကြည်လို့ ရနိုင်ပါ တယ်”

မာမီကပြောပြီး မီးဖိုထဲဝင်သွားတယ်။ သူမကို အတွေးတွေ ဆက်တွေးစေဖို့ ထားခဲ့တယ်။ သူမ ဘက်မှာ သူ့ကို ယုံကြည်စေဖို့ခွန်အားတွေက သူ့ အပေါ်မှာပဲ မူတည်နေတယ်လို့ထင်တယ်။ သူနဲ့ စကားပြောရင်တော့ မသိမသာ သူမရင်တွေ လှပ် ကနဲ ဖြစ်သွားတတ်တာတော့ သိတယ်။ စကားပြော ရင် မကြာခဏ သူမကို ရယ်မောပျော်ရွှင်စေတတ် သလို သူကိုယ်တိုင်လည်း လွတ်လပ်စွာစကားပြော ခွင့်ကို ခုံမင်နေပုံရတယ်။
“ချို မင်းဟာ အူတူတူလေးပေမယ့် တကယ် တော့ ထက်မြက်တဲ့မိန်းကလေး တစ်ယောက်ပါ။ ကိုယ်က မင်းရိုးသားတာနဲ့ ပွင့်လင်းတာကို သဘော ကျတယ်။ သူများအပေါ် စီးပိုးပြီး စကားပြောတာ မဟုတ်ပေမယ့် မင်းက မဟုတ်မခံပုံစံဆိုတာ ကိုယ် သိတယ်။ အားနာတတ်သလို အကောင်းမြင်စိတ်ရှိ တယ်။ မိသားစုကိုချစ်တယ်။ ဂရုစိုက်တယ်။ အား နည်းသူကို ကူညီချင်တယ်။ အလုပ်လုပ်တယ်။ ဘ၀ မျှော်လင့်ချက်ရှိတယ်။ နောက် စာရေးသူလည်း ဖြစ် တယ်.။ ဒါတွေဟာ ကိုယ်မင်းကို ချစ်သွားစေဖို့ အဓိ က အခြေခံအကြောင်းအရင်းတွေပဲ ချို။ အတွေးတူ သလို သွားချင်တဲ့လမ်းကြောင်းချင်းလဲ တူတယ် လေ။ ချို့ကို နားလည်ပေးဖို့ ကြိုးစားထားသလို အပြန် အလှန်နားလည်ရင်း ဘ၀ကို အတူလက်တွဲလျှောက် ချင်တယ်။ မင်းကို မြတ်နိုးတန်ဖိုးထားစွာချစ်ပါတယ်”
သူ့အသံကို နားထဲမှာ ကြားယောင်ရင်း သူမ ရင်ထဲလဲ တစ်မျိုးခံစားနေရတာကို သိခဲ့တယ်။ သူမ တို့နှစ်ယောက်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ရုပ်ရည်ကို မြင်ဘူးချင်ပေမယ့် ဓာတ်ပုံပို့ဖို့ကို မပြော မိအောင် ထိန်းချုပ်ထားသလိုပဲ။ သူက သူမ အကြောင်းကိုသာ သိပြီး လုံးဝမမြင်ဘူးကြောင်း ၀န် ခံထားတယ်။ သူမကလည်း သူ့ပုံကို တောင်းဖို့ စိတ် ကူးမရှိ။ သူကလည်း ဒီကနေ့ တိုးတက်နေတဲ့ ခေတ် ကြီးမှာ ကွန်ပျူတာ အီးမေးလ်နဲ့ပို့ပြီး စာရေးဖို့၊ ဓာတ် ပုံပို့ဖို့ လုံးဝစိတ်ကူးမရှိပဲ ဖုန်းကိုသာ ဘယ်လောက် ကုန်ကုန် နားတွေပူလာအောင်ထိ ပြောနေခဲ့တယ်။
အချစ်ဟာ ဘယ်လောက် အံ့သြဆန်းကြယ် စရာကောင်းသလဲဆိုရင် အသံနဲ့တင် မသိစိတ်တွေ မှာ ပျော်ဝင်နေကြပြီ။ ဒါကို မာမီပြောတဲ့ နှလုံးသားနဲ့ ခံစားလို့ရတဲ့ ရင်ခုန်မှုကို ခေါ်မလား။ သူမတို့ ခုလို ခံစားလို့ရနိုင်တာကို အချစ်စစ်လို့ နာမည်တတ်လို့ ရပြီလား။
သူမ သူ့ကို တိကျတဲ့အဖြေမပေးနိုင်သေးပါ။ တကယ်တမ်းတွေ့လိုက်ရမှ မျှော်မှန်းတာနဲ့ လုံးဝ တခြားစီ ကွဲလွဲနေပြီဆိုရင် ဘယ်လိုလုပ်ရမလဲ။ သူမ ရဲ့ ညစဉ်အတွေးတွေထဲမှာ ပုံရိပ်တွေတစ်ခုပြီးတစ်ခု ၀င်ရောက်လာတယ်။ သူဓာတ်ပုံမပို့တာက သေချာ ပေါက်အားနည်းချက် တစ်ခုခုရှိလို့လားဆိုတဲ့ အတွေးတွေ ၀င်ရောက်လာတော့ သူမရဲ့ အိပ်ပျော် မယ့် အချိန်တွေအကန့်အသတ်မဲ့သွားခဲ့တယ်။

ချောအိမာန် (မန္တလေး)

အစိမ်းရောင်နေ့သစ်များ

(၁)


ဒီနေ့က သူမဘ၀အတွက် အဆုံးအဖြတ် တစ်ခုကို သေချာပေါက် ရင်ဆိုင် ရတော့မှာမို့ စိတ်တွေ လှုပ်ရှား နေမိတာတော့ အမှန်ပင်။ ဟန်ချက်မညီချင်တဲ့ ခြေလှမ်းတွေကိုရွေ့လျားလှေကားတွေပေါ်မှာ အဖြတ် သူမအတွက် ပိုနီးလာလေ မသိမသာ ရင် မောရလေပါပဲ။ လေယာဉ်ပေါ်မှာလဲ စိတ်အတွေး တွေက မငြိမ်သက်ခဲ့ . . .
“သမီးချို ကိုယ်နဲ့ ချစ်သူဖြစ်နေတဲ့သူနဲ့ သွားတွေ့ရ တာပဲ ဘာတွေများ ကြောက်စရာရှိလို့လဲ”
သူငယ်ချင်းပေါင်း ပေါင်းတဲ့ မာမီအပြောကို အဖြေပြန်မပေးခဲ့ မာမီမသိဘူးနော်။ သူမ အတွက် အရမ်းခက်ခဲပြီး စွန့်စားရတယ်ဆိုတာကို သူမနဲ့ သူဟာ တကယ်တော့ တရားဝင်ချစ်သူတွေ မဟုတ်ကြသေးပေမယ့် ရှေ့အနာဂတ်အတွက် ဆွေး နွေးခန်းတွေက ဘယ်က ဘယ်လိုတရားဝင်ပြီး မြောက်သွားလဲမသိ။ သူမ စိတ်ထဲသူ့ကို ချစ်သလိုလို မချစ်သလိုလိုနဲ့ . . .
သူမရဲ့ မာမီက “ချစ်ခွန်းချို”ဆိုတဲ့ သူ့သမီးကို ကြည့်နေတတ်သူမို့ သူမပြောင်းလဲခြင်းကို သတိ ထားမိနေတာ ကြာလှပြီပေါ့။ သူမရဲ့ ရင်ခုန်သံနဲ့ ပတ် သက်ပြီး အရွယ်ရောက်လာတကည်းက နားစွင့်နေ တဲ့ မာမီက ပွင့်လင်းစွာ တိုင်ပင်ဖို့ တံခါးတွေ ဖွင့်ထား ပေးတယ်။
သို့ပေမယ့် သူမဘက်က မာမီကိုဖွင့်ပြောပြခွင့် ရဖို့ တစ်စုံတစ်ဦးဆိုတာမရှိခဲ့။ သူမအတွက် အလုပ် ထဲမှာ နှစ်မြှုပ်ပြီး အချိန်အားရင်တော့ စာရေးဖို့ ဗလာ စာရွက်တွေနဲ့ ဘောပင်တွေကို ခုံမင်မိတယ်။ အခန်း အောင်းပြီး ဘ၀၊ ဒဿနနဲ့ အချစ်ဝတ္ထုတွေရေးတဲ့ သူမကို မာမီက လှောင်ပြုံးပြုံးတယ်။ နောက်ကျ တော့လည်း အားပေးတာပဲ။
သူမကို နှလုံးသားမရှိဘဲနဲ့ နှလုံးသားခံစားမှု တွေ ရေးနေတယ်ဆိုတဲ့ သဘော . . .ဒါတွေကို မာမီ မသိပါဘူး။ စာရေးတဲ့သူဟာ ကိုယ်ပိုင်ခံစားချက် အပြင်၊ အငှားခံစားလို့လည်းရတယ်ဆိုတာ လွယ် လွယ်လေး . .
သူမ၀တ္ထုတွေ စပါလာတော့ မာမီက အံ့တွေ သြလို့ အဖေကိုလည်း သိစေချင်တယ် ဒါပေမယ့် အဖေက သူ့သမီး စာရေးတာကို စိတ်ဝင်စား မှာ မဟုတ်သလို အဖေနဲ့ မာမီကြားက အဆီးအတား တစ်ခုကို မကျော်ရဲပါ။ ခေတ်မီတဲ့ မိသားစု အသိုင်း အ၀ိုင်း ကြားမှာ အမေဟာ မာမီဖြစ်သွားပြီး အဖေက တော့ သူ့ကို အဖေလို့ပဲ ခေါ်တာကို လက်ခံ ခဲ့တယ်။ အဖေကတော့ သူမနဲ့ အနည်းငယ်ဝေးပြီး မာမီကို တော့ အရာရာအားကိုးပြီး ပိုနီးခဲ့တယ်။ အဖေနဲ့ မာမီကြားက ညှိမရတဲ့ ဇာတ်လမ်း တစ်ပုဒ်က အဖေနဲ့ သူမကို ပိုပြီး ဝေးကွာသွားစေခဲ့ တယ်။ ဘိုဆန်ပြီး ခေတ်မီပါတယ်ဆိုတဲ့ မာမီက တကယ်တမ်းတော့ သမီးနဲ့ လင်သားအပေါ် တာဝန် ကျေသူ၊ အနေအေးပြီး မြန်မာဆန်လှပါတယ် ဆိုတဲ့ အဖေက ရိုးသားမှုကို ဖောက်ထွက်ပြီး မာမီ နောက် ကွယ်မှာ တိတ်တိတ်လေး ခြေရှုပ်နေခဲ့သူ။
မာမီနဲ့ အဖေစကားများကြရင် အသံဆူလွန်း တဲ့ မာမီကို လွန်တယ်လို့ ထင်ခဲ့ပြီး ဘာတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့နေတဲ့ အဖေ့ကို သနားပိုနေမိသေး တယ်။ မာမီရဲ့ စကားတချို့ကို နားမလည်နိုင်ပေမယ့် အဲဒီနေ့လောက် ဒေါသထွက်တာကိုလည်း တစ်ခါမှ မမြင်ဘူးခဲ့၊ အဖေက “တော်တော့”လို့ ပြောလေ မာမီက . . .
“ငါရှက်တယ် နင်ငါ့ကို အပြီးသတ်သွားပါလား ငါနင့်ကို အရမ်းအထင်သေးတယ် သွားခုထွက်သွား” ဆိုပြီး မောင်းထုတ်တယ်။ အဖေက ဘီရိုထဲက အိတ် တစ်အိတ်ထဲ အ၀တ်အစားတချို့ ပစ်ထည့်ပြီး ထွက် သွားတယ်။ မာမီက ကုတင်ပေါ်မှာ မှောက်ပြီး တရှုံ့ ရှုံ့ငိုတယ်။ အဖေ သူမကို လိုက်ရှာသေးလားတော့ မသိဘူး။
မာမီဆီကိုလာတော့ မာမီက သူမကို ဖက်ငို တယ်။ “ချစ်ခွန်းချို သမီးအဖေ မာမီ့ကို အရှက် ခွဲတယ်။ ဒါကြောင့် နှင်ထုတ်လိုက်ပြီ ငါ့သမီး မာမီကို အပြစ်မတင်နဲ့နော် မာမီ သမီး အဖေကို ရင်ထဲက ပြောမပြတတ်အောင် ချစ်ခဲ့ပါတယ်။ ဒါပေမယ့် မာမီ့ ကို ရက်စက်တယ်။ သမီးလေး မာမီ့ကို ဘာမှမမေးပါ နဲ့နော်။ ငါ့သမီးကိုလည်း သူမချစ်ဘူး မေ့ပစ်ရမယ် နော် သမီး”
သူမ မာမီကို သနားသွားတယ်။ မာမီမကြိုက် တဲ့ မေးခွန်းတွေ သူမမမေးခဲ့ဘူး။ နောက်မှ သိရတာ အဖေက သူ့လက်အောက်ဝန်ထမ်းကောင်မလေး နဲ့ ငြိစွန်းပြီး ကိုယ်ဝန်တောင်ရှိသွားသတဲ့ ဒါကို အဖေ က သူ့အပြစ်သူ ၀န်ခံသလိုလိုနဲ့ သူတာဝန်ရှိကြောင်း ကောင်မလေးကို မယူရင် မထောက်ပံ့ရင် ဟိုဘက် ကလည်း တရားစွဲအရှက်ခွဲမှာဖြစ်ကြောင်း သိရ တယ်။
အဖေက “၀ုန်း”ဆိုပြီး ဒီအကြောင်းတွေ ရုတ် တရက် ဖွင့်ပြောလာတော့ ဘာမှမသိခဲ့တဲ့ မာမီက အံ့သြပြီး ၀မ်းလည်းနည်း ဒေါသတွေလည်း ဖြစ်လာ တာပေါ့။ မာမီ့အသိုင်းအ၀ိုင်းက ဘယ်လို လက်ခံနိုင် ပါ့မလဲ။ အစကတည်းက အဖေနဲ့ ယူတာတောင် သိပ်လက်ခံချင်ခဲ့တာမဟုတ်ဘူး။ ဒီလိုနဲ့ ကလေး တစ်ယောက်လို အိမ်ပေါ်က ဆင်းသွားလိုက်တာ။ အဖေ သတင်းအစအနမရခဲ့ဘူး။ နောက် ခြောက် နှစ်အတွင်းမှာ အဖေ သူ့မိန်းမနဲ့ နယ်လိုက်သွားပြီး နယ်မှာပဲ ဆုံးသွားတယ်ဆိုတာ သိလိုက်ရတယ်။ အဖေက ပန်းနာရင်ကျပ်ရှိတယ်။ အအေးခံလို့မရ ဘူး။ သူ့မိန်းမနေတဲ့ နေရာက တောင်ပေါ်ဒေသ ချင်း ပြည်နယ်ဘက်မှာ။
မာမီကတော့ အဖေ မွေးနေ့ရောက်တိုင်း ခုချိန် ထိ ၀တ္တရားမပျက် ကုသိုလ်ဒါနပြုလုပ်ပေးနေဆဲပါ။ မာမီဟာ အဖေ့ကို အရမ်းယုံကြည်ခဲ့တယ်။ ယုံကြည် ရလွန်းသူရဲ့ ပြစ်ဒဏ်ခတ်မှုလို မာမီခံစားခဲ့ရတာ တော်တော်နဲ့ ဘယ်မေ့ပျောက်နေနိုင်ပါ့မလဲ။ ဒါ ကြောင့် မာမီက လွတ်လပ်စွာ ရွေးချယ်ခွင်ပေ့းထား ပေမယ့် ယောက်ျားဆိုတာ ဒီလိုပါပဲ။ မယုံရဘူးဆိုတဲ့ လက်သုံးစကားကို သုံးလေ့ရှိတယ်။ ဒါကြောင့်လည်း သူမဘ၀ဟာ တစ်ယောက်တည်းပေမယ့် အထီး ကျန်နေတယ်လို့တော့ ကိုယ့်ကိုကိုယ်မထင်မိဘူး။
အထီးကျန်ခြင်းဟာ အတွေးမရှိတဲ့သူလုပ်စရာ အလုပ်မရှိတဲ့သူတွေအတွက်လေ သူမကတော့ ဘ၀အတွက် စာတွေရေးမယ်၊ အလုပ်တွေလုပ်မယ် အဲဒီ မျှော်လင့်ချက်တွေနဲ့ အထီးကျန်ခံစားမှုကို လုံးဝ မကြောက်ရွံ့ခဲ့ပါ။ နောက်တစ်ခုက လက်ထပ်ပြီးရင် တစ်ယောက်နဲ့ တစ်ယောက် အရင်ကလိုချစ်သေး ရဲ့လား၊ ပိုချစ်လာလား၊ ပိုလျော့သွားသလားဆိုတဲ့ မေးခွန်းက ခေါင်းထဲမှာ အကြိမ်ကြိမ်ပဲ။ အရင်က မာမီနဲ့အဖေ အဆင်ပြေနေတာတွေ မြင်လာရတော့ ချစ်ကြတယ်လို့ ထင်တယ်။ နောက်မှ အဖေ့ရဲ့ ဟန်ဆောင်မှုတွေကို မြင်လာရတော့ မာမီ့ကို ကိုယ် ချင်းစာမိတယ်။ အဖေက ဟန်ဆောင်ပြီး မာမီ့ကို ပို ချစ်ပြီး ပိုဂရုစိုက်လာတယ်ဆိုတာသိသာတယ်။ တကယ်တမ်းတော့ အဖေဟာ ဟန်ဆောင်ခြင်း၊ အတတ်ပညာကို ကောင်းကောင်းမတတ်ခဲ့လို့သာ ဒီလို ပုံမှန်မဟုတ်တဲ့ လိုက်လျောခြင်းတွေ ပြုလုပ် ရင်းကနေ မာမီ့အတွက် သံသယ၀င်စေခဲ့တာလေ။
ချစ်လို့ အနစ်နာခံတာ ချစ်လို့ လိုက်လျောတာ မဟုတ်ဘဲ သူ့နောက်ကွယ်က ဇာတ်လမ်းကို မသိ အောင် အကာအကွယ်တစ်ခုဖြစ်စေခဲ့တာ အဖေ့ အမှားပဲ။ မာမီရဲ့ အဆိုအရ ချစ်လို့လုပ်ပေးတာပါ။ ချစ် လို့လိုက်လျောပေးတာပါဆိုတာ တဖက်လူကို စိတ် ဓာတ်ရေးရာအရ အနိုင်ယူလိုက်တာပါတဲ့။ ပျက်စီး စေတဲ့ အပြုအမူမပါဝင်ဘဲ အချိုနည်းနဲ့ တိုက်ခိုက် သိမ်းပိုက်ဖို့ ကြိုးစားဟန်လုပ်နေတယ်လို့ မာမီက မှတ်ချက်ချတယ်။
နောက် အိမ်ထောင်ရေးငြီးငွေ့ ခြင်းဆိုတဲ့ ဖော် မြူလာဟာ လင်မယားနှစ်ယောက်ကြား သက်တမ်း မစေ့ခင်ဆိုက်ရောက်လာမှာပဲ။ ဒါကို ကြိုတင်တား မြစ်ပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် ကာကွယ်ဖို့ နည်းပရိ ယာယ်တွေလိုအပ်တယ်ဆိုတာတော့ မာမီသိထား တယ်။ ဒါပေမယ့် မာမီ့ရဲ့ ကာကွယ်ရေးလက်နက် တွေ ချမသုံးခင်မှာ အဖေဆီက ငြီးငွေ့သံမကြားရဘဲ ရင်ခွင်ပြောင်းသွားတဲ့အဖေ့ကို မာမီဘယ်လိုခွင့် လွှတ်နိုင်မှာလဲ။
အချစ်က အိမ်ထောင်ရေးရဲ့ အဓိကအကျဆုံး အခြေခံအချက်ပဲတဲ့ ဒါဆို အဖေဟာ မာမီ့ကို မချစ် တော့လို့လားဆိုတဲ့ မေးခွန်းကို မာမီက ခေါင်းခါ တယ်။မာမီက “မာမီရော သမီးအဖေရော ချစ်နေ တုန်း သံယောဇဉ်ရှိနေတုန်းပါ။ အိမ်ထောင်သက် ကြာလာရင် ကြိုးတွေဟာ မောင်နှမသံယောဇဉ်နဲ့ တောင် ပိုခိုင်မြဲလာတတ်တယ်။ သမီးအဖေက နေရာသစ်တစ်ခုကို အပြောင်းအလဲအနေနဲ့ အကြီး အကျယ်သာယာသွားတာပါ။ သာယာရုံတင်မကဘူး တာဝန်ယူမှုတွေပါ ပါလာတော့ သမီးပဲစဉ်းစားကြည့် လေ။ မာမီဘယ်လက်ခံနိုင်မလဲ။ မာမီဘက်က ၀တ္တရားမပျက်ခဲ့ပါဘူး။ ဒါကို သမီးသဘောပေါက် တယ်မဟုတ်လား”
မာမီဆိုလိုရင်းကို သူမခေါင်းငြိမ့်လိုက်တယ်။ ဒါကြောင့်လည်း သူမဘ၀မှာ ချစ်သူဆိုတဲ့ ပုံရိပ်တွေ ရှိခဲ့ဖူးပေမယ့် သူမလည်း သာယာခဲ့ရုံသက်သက်ပါ။ တကယ့်ရင်ထဲက နှစ်နှစ်ကာကာဘာမျှမရှိခဲ့။ လက် ဆောင်လေးတွေ အပြန်အလှန်ပေးတာ၊ ဖုန်းဆက် ကြတာ၊ ဟိုနားဒီနားသွားတာတွေဟာ ဘ၀မဟုတ် ပါလားလို့ သူမသိတယ်။ မာမီက သူမအပေါ်နား လည်တယ်။ သူ အဖေနဲ့ ကွဲခဲ့ပေမယ့် ယောက်ျား တွေ အားလုံးကို သိမ်းကြုံးမမုန်းသလို အထူးသဖြင့် သူမအပေါ်လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကိုယ်ပိုင် ဥာဏ်နဲ့ ဆုံးဖြတ်ခိုင်းထားတယ်။
နောက်ဆုံး မာမီရှေ့မှာတင် သမီး ဘယ် ယောက်ျားကိုမှ ကိုယ့်ရင်ထဲက နှလုံးသားနဲ့ ချစ်မရတော့ဘူးလို့ ၀န်ခံခဲ့တယ်။ သူမ စိတ်ထဲလည်း ၀မ်း နည်းလာသလို ခံစားလာရတယ်။ ဒီအချိန် ဒီအရွယ် မှာ ကိုယ်ရော စိတ်တူ တစ်စုံတစ်ဦးကိုတော့ သူမ နှလုံးသားနဲ့ ချစ်ကြည့်ချင်တယ်။ အရင်ရည်းစားကိုတော့ ဆက်လက်ဟန်မဆောင်ချင်တော့သလို တစ်ယောက်ထဲလည်းနေလို့ဖြစ်တာမို့ လမ်းခွဲလိုက်တယ်။
မာမီမေးတိုင်း တွေ့ပေးဖို့ အစီစဉ်မရှိလို့ ငြင်းခဲ့ တယ်။ မာမီက လာစပ်တဲ့သူတွေနဲ့ တွေ့ပေးမယ်ဆို တိုင်းလည်း ငြင်းပယ်ခဲ့တယ်။ မာမီက ငါ့သမီးလေး ချစ်ခွန်းချိုနှစ်သက်မယ့်သူ ဒီကမ္ဘာမှာ မပေါ်သေးဘူး ထင်တယ်လို့ဆိုတယ်။
ဟုတ်မှာပဲ သူမ သူငယ်ချင်းတွေတောင် ကလေးတစ်ယောက်တော့ အနည်းဆုံးရနေကြပြီ။ မာမီ အိမ်ထောင်ပြုတော့ နှစ်ဆယ့်သုံးတဲ့ သူမက နှစ်ဆယ့်ငါးရှိနေပြီ။ ဘ၀လက်တွဲဖော်ဆိုတာ သေချာရှာဖွေဖို့ မလိုဘူးလို့ထင်တယ်။ သေချာ အံဝင်ခွင်ကျရှာဖွေပြီးမှ ရတဲ့အချစ်သည်လည်း ခိုင် မြဲလာမှာမဟုတ်တာတော့ သေချာလှတယ်။




ချောအိမာန်(မန္တလေး)