Sunday, July 4, 2010

မင်္ဂလာပါ။



ကျွန်မ တို့ ရဲ့ယခင်လုပ်ထားတဲ့ mylovecafe ဟာ.. Error ဖြစ်သွားတာကြောင့် www.chaweimahnmdy.com ကို ပြောင်း လိုက် ပါပြီ။ လုပ်ထားတာကြာနေပြီဖြစ်သော်လည်း မလုပ်ဖြစ်သေး။ မအားဖြစ်သေးတာတွေ ကြောင့်။ ဘလော့ ပရိတ်သတ်များနှင့် ဝေးကွာသွား သလိုဖြစ်သွားပါသည်။ ဆက်လက်ပြီး ပို့စ်အသစ်များတင်ရန် ကြိုးစားပါဦးမည်။ အချိန်ကို လုလုပ်ရသော မိမိ ပို့စာမျက်နှာများဟာ စာဖတ်သူများအတွက် တစ်စုံတစ်ခုသောအတိုင်းအတာ ရသ တစ်ခုရရှိစေရန် ရည်ရွယ်ပါသည်။ မိမိ၏ကိုယ်ပိုင်အချိန်များမှဖဲ့ပြီး လာဖတ်ကြသော မိတ်ဆွေများ စာပေချစ်သူများကို အထူး ကျေးဇူး တင်ပါသည်။ ကျွန်မ ဘလော့အသစ် ပြန်လည် မွေးဖွားဖို့အတွက် အကူညီပေးကြသော မိတ်ဆွေများကိုလည်း ကျေးဇူးတင်ကြောင်းပြောလိုပါသည်။  ထို့အတူ့ ကျွန်မစီစဉ် ထုတ်ဝေခဲ့သော မိုးမာန် စိတ်ကြိုက်မြန်မာဝတ္ထု တိုများ ကို အွန်လိုင်းမှတဆင့် မှာယူဆက်သွယ်ကြသော ပြည်ပရောက် ရသ စာပေချစ်ပရိတ်သတ်များ။  RFA မှ ရသ၀တ္ထုတိုများနှင့် ပါတ်သက်ပြီး ထုတ်လွင့်ခဲ့သော ဆရာ မောင်သာရ အားလည်း ကျေးဇူး တင်ရှိကြောင်းပြောလိုပါသည်။

ချောအိမာန် (မန္တလေး)

No comments: