Saturday, March 6, 2010

Link (လင့်ခ်)



စာရွက်ဖြူဖြူပေါ်က

စကားလုံးတွေက

ငါ့နှလုံးသားအစိုဓာတ်ကို

ပြီးပြည့်စုံစေတယ် ...

ဧရာဝတီနဲ့ အတူ

အိမ် အပြန်လမ်းမှာ

နားဆင်ခွင့်ရတဲ့

ကဗျာတစ်ပုဒ်အတွက်

ငါ့ရင်ထဲမှာ ငြိမ်းချမ်းမှုကို

ပေါက်ပွားစေခဲ့တယ် ...

အိပ်မက်တွေဟာ

ဘယ်တော့မှ လွယ်လွယ်မမက်ဘူး

စည်းခြားနယ်နမိတ်ဆိုတာ

အပေးအယူမျှခဲ့ရင်

စားလို့ကောင်းတဲ့ရာသီစာတစ်ခုလို

လိုအပ်နေတဲ့ အချိန်မှာ ...

အချစ်ရှိခဲ့ရင်

ဘယ်လောက်ပဲ အလွမ်းသင့်သင့်

နလန်ထနိုင်ခဲ့ကြပါတယ်

ကဗျာဆိုတာ

ညာတာမပါပါဘူး ...

ဖန်တီးခြင်းဟာ

အနုပညာတစ်ခုရဲ့

လုပ်ပိုင်ခွင့်လို့ပဲမြင်တယ်

ဘယ်လိုပဲ ဖြစ်ဖြစ်

အင်တာနက်ခေတ်

ဘလော့ဂါခေတ်

ဂလိုဘယ်ခေတ်မှာ

မင်းနဲ့ ငါ အဆက်အသွယ်

ပြတ်မသွားဖို့ပဲ

အရေးကြီးတယ် ... ကွာ ...။

8.9.2007


2008 Happy New Year


ချောအိမာန် ( မန္တလေး )

2 comments:

Anonymous said...

မချောအိမာန်ကအင်တာနက်ခေတ်မှာအာပျိုကြီးခဲ့၇တာပြတ်မသွားဖို့ပဲ

အရေးကြီးတယ် ... ဆက်ထား၇မှာပေါ့ကွာ

Junemoe said...

မှန်တာပေါ့ အမရာ
ကဗျာမှာ ညာတာမပါ တော့ သူနဲ့ အဆက်မပြတ်ချင်တဲ့ အမ စိတ်ကိုလည်း မြင်လိုက်ရတယ်.. :)

ခင်တဲ့
ဂျွန်မိုး