
ချစ်သူကိုချဉ်းကပ်ဖို့ ... နှလုံးသားကို
အရည်ဖျော်ခဲ့ရတဲ့ ... လူ
အိပ်မက်ကို ထမ်းပိုးပြီး
ဝေဒနာကို ထုပ်ပိုး
နံရိုးကို အရည်ကျိုခဲ့သူ
တိမ်တွေရဲ့ နံရံတံခါးပေါက်
လူးလိမ့်ဝင်လာကြတဲ့
ပူဆွေးမှုနဲ့ သောကတွေ ... ခေါက်သိမ်း
ခေါင်းအုံး အိပ်ခဲ့သူ
ရေဆန်ကို လှန်
ပွက်ပွက်ဆူ လှိုင်းလုံးတွေကြား
ကဗျာတွေနဲ့
တောင်ပံဆန့်ဖြန့်ချင်ခဲ့သူ ...
ချစ်သူရဲ့ ပါး
ပင်လယ်တံခါးဝ
ကမ်းခြေတစ်ခုလို
အပန်းဖြေရာ
ညနေခင်းတိမ်တွေ
ရောင်စုံခြယ်လို့
မိုးကာထားတော့
ဒီကောင့်ရင်မှာ
ကမ္ဘာပျက်သလို
စကားလုံးတွေ
ပြာကျသွားခဲ့သူ ...
14.2.07
ပန်းသီးရည်နဲ့ လိမ်းကျံထားတဲ့ နှုတ်ခမ်းတစ်ခုရဲ့ ဒိုင်ယာရီ စာအုပ်မှ
ချောအိမာန် ( မန္တလေး )
2 comments:
ကဗျာတွေကိုတော့ ဖတ်သွားတယ်ဗျို့၊ ဝတ္ထုတွေတော့ ကူးသွားတယ်။
ကဗျာလေးက လှလိုက်တာ... ချစ်သူကိုယ်စား ခံစားသွားတယ်နော် အမ.. :)
ခင်တဲ့
ဂျွန်မိုး
Post a Comment