``မောင်ချောနွယ်`` ကပြောတယ်
ကဗျာဝတ်ရုံလေးက ကျက်သရေရှိပါသတဲ့
လုံခြုံမှုနဲ့ လုံးလုံးလျားလျား
ကဗျာထဲမှာ နှစ်ပစ်ခဲ့တယ် ... ကိုယ့်လူ
``ဆက်သွား`` ဆိုတဲ့ ကဗျာတစ်ပုဒ် အတွက်
သုံးနှစ် ဦးစားခဲ့ရတာကိုရော... သိကြလို့လား
တစ်ကယ်တော့ ကဗျာဆိုတာ
ငါးပွက်ရာကို ငါးစာချသလိုမျိုးမှမဟုတ်တာ
နှလုံးသားသွေးနဲ့ ရနံ့ ပေါင်းစပ်ပြီး
ခပ်ထက်ထက် အနုပညာဓားသွားပေါ်
ကျင်လည်ချင်ခဲ့တာ ... ကဗျာပါ
မျက်စိမမြင်သူများကတော့
သန့်စင်ကြည်လင်နေတဲ့
ကဗျာရဲ့ ၀ိဉာဉ်တွေကိုမီးပိတ်ပြီး
နားတွေကို အင်္ဂဒေကိုင်ချင်ကြတယ်
ကဲ ... ကဗျာဆရာရေ
မင်းလုပ်ရမှာ
မနားတမ်းဇွဲမလျှော့ဘဲ
ကဗျာတွေ ဆက်ရေးနေဖို့ပါဘဲ ...။
ကဗျာဆရာ `မောင်ချောနွယ်` အတွက် အမှတ်တရ
21.1.2007
ချောအိမာန် (မန္တလေး)
4 comments:
reply
ဟုတ်ကဲ့ပါ ဆရာ..ဒါကြောင့်လည်း ခုထိ ကဗျာကိုပဲ အလေးအနက်ထား ရေးသားခဲ့မိတယ်.. :)
ဂျွန်မိုး
ဟုတ်ကဲ့ပါ ဆရာ..ဒါကြောင့်လည်း ခုထိ ကဗျာကိုပဲ အလေးအနက်ထား ရေးသားခဲ့မိတယ်.. :)
ဂျွန်မိုး
ဟုတ်ကဲ့.. ကဗျာချစ်သူ ဆရာမောင်ချောနွယ်ကတော့ ကဗျာကိုပဲ လုံးလုံးလျားလျား ဖက်တွယ်ရင်း...သစ္စာရှိစွာ... ကျွန်တော်ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်.. :)
ကဗျာလေးကို နှစ်သက်မိတယ် အမ
ခင်တဲ့
ဂျွန်မိုး
Post a Comment