Wednesday, February 10, 2010

မှန်

အမှန်တရားက
ဘောင်ခတ်ထားတဲ့
စတုရန်းကွက်တွေထဲကနေ
ကိုယ်လွတ်ရုန်းခဲ့တယ်.........

သံဆူးကြိုးတွေနဲ့
ထပ်ဆင့်မွမ်းမံလိုက်တော့
အနုပညာမှော်ကြိုးတွေ
သွေးစိမ်းစိမ်းထွက်မတတ်
မစာနာတတ်သူတွေကို
တဂိုး ရဲ့ အဆိပ်တစ်ခွက်နဲ့
ပစ်ပေါက်လိုက်ချင်ရဲ့...........

ယုံကြည်မှုခွန်အားနဲ့တော့
အမှန်တရားကိုရှာဖွေတွေ့ရှိနိုင်ဖို့
ငါ့ညတွေကို
အကြိမ်ကြိမ်ဝါးမြိုပစ်ခဲ့တယ်.............။ ။


ချောအိမာန် (မန္တလေး)

1 comment:

indawshan said...

တော်တော်ကို ကောင်းတဲ့ ကဗျာလေးပါ တိုပေမဲ့ လေးနက်တယ်ဗျာ