Friday, February 12, 2010

စီစဉ်သူ့ စကား

မိုးမာန် စိတ်ကြိုက်မြန်မာ ၀တ္ထုတိုများ


V9 copy.. 7

(မိုးမာန် စိတ်ကြိုက် မြန်မာ ၀တ္တုတိုများ မိတ်ဆက်ပွဲ  3.1.2010 )




ကျွန်မ စီစဉ်ထုတ်ဝေတဲ့ “မိုးမာန် စိတ်ကြိုက် မြန်မာဝတ္ထုတိုများ“ စာအုပ် မိတ်ဆက်ပွဲတွင် အခန်းအနားမှူး အဖြစ်ဆောင်ရွက်ပေးပါသော ဆရာ ညီမင်းညို …

မုဒိတာ နဲ့ အားပေးစကားများ ပြောကြားပေးခဲ့သော ဆရာ နေ၀င်းမြင့် ၊ ဆရာ မျိုးမြင့်ငြိမ်း ၊ ဆရာမ မိချမ်းဝေ တို့အား အထူးကျေးဇူးတင်ရှိပါတယ်။…

အဝေမှ ရောက်ရှိလာကြသော.. ဆရာ မျိုးမြင့်ငြိမ်း ၊ ဆရာ ဦးဆွေ (ဒဿနိက) ၊ ဆရာ ခြိမ့်သဲ ၊ ဆရာ ဂျိုဇော် ၊ ဆရာ မင်းချမ်းမွန် ၊ ဆရာ မြေလတ်မောင်မြင့်သူ ၊ ဆရာ မင်းဝေဟင်၊ ဆရာ ညီမင်းညို၊ ဆရာမ မိချမ်းဝေ ၊ ဆရာမ အဖြူရောင်(ရွှေ)၊ နှင့် တက်ရောက် လာကြသော မြို့ခံ ဆရာ ၊ ဆရာမ များ နှင့် မိတ်ဆွေ များ ၊ ဂျာနယ် သတင်းထောက်များ ၊ စာအုပ်ဖြန့်ဖြူးပေးသော စာအုပ်ဆိုင် ပိုင်ရှင်များ အား ကျေးဇူးအထူးတင်ပါတယ်…..။

1 . . . .  .  2

အဖြူရောင် (ရွှေ) ၊ မင်းဝေဟင် နဲ့ အမှတ်တရ ရန်ကုန် ၊ မန္တလေး စာရေး ဆရာ ၊ ဆရာမများ



3 . . . .  . .  5

ဆရာ မျိုးမြင့်ငြိမ်း                                                        ဆရာ ညီမင်းညို ၊ ဆရာမ မိချမ်းဝေ



4 . . . . . . . .  6

ဆရာ နေ၀င်းမြင့်                                                          ဦးမျိုးမြင့်ငြိမ်း ၊ ဆရာမ ၀င်းဝင်းမြင့် (နန်းတော်ရှေ့) ၊ ဆရာမ မိချမ်းဝေ



မိုးမာန် စိတ်ကြိုက်မြန်မာ ၀တ္ထုတိုများ စာအုပ်ကို… ……..

  • ရန်ကုန် -  မျိုးဆက်သစ် စာပေ .

  • မန္တလေး -  ရာပြည့် ၊ ထွန်းဦး ၊ နဂါး ၊ ညို တို့မှ အဓိက ဖြန့်ပါတယ်။


“Moe Mahn” Publishing House

No, 121 . 27 St. Bet: 76 & 77 , Mandalay.

မိုးမာန် စိတ်ကြိုက်မြန်မာ ၀တ္ထုတိုများ စာအုပ် မိတ်ဆက်ပွဲ

နေရာ     ။       ။ Green Elephant Restaurant

နေ့ရက်။        ။ 3.1.2010

ချောအိမာန် (မန္တလေး)

4 comments:

ဖိုးထိန် said...

စာအုပ်စာပေ လူ့မိတ်ဆွေ ။ စာအုပ်စာပေနှင့် လူအများထိတွေ့နိုင်အောင် စွမ်းဆောင်ပေးနိုင်သည့် စာပေချစ်သူတွေ အတွက် အထူးလှိုက်လှဲစွာဂုဏ်ယူမိပါသည်ခင်ဗျာ ။

လူအများမိတ်ဆွေကောင်းနှင့်တွေ့နိုင် အောင်စွမ်းဆောင်နိုင်တာကုသိုလ် တစ်ပါးပါ ။ အရာအားလုံးအဆင်ပြေပါစေခင်ဗျာ ။ :)

patheinther said...

မိတ်ဆက်ပွဲပုံတွေက သေးတော့သိပ်မမြင်ရဘူးဗျ။
ပင်ချစ်သူကိုလည်းရှာပေမယ့်မတွေ့ဘူး။ မတင်ရသေးတာလား။
အားပေးနေတယ်ဗျ။

ကေသရီ said...

မမချောအိမာန်ရေ
မိုးမာန်စိတ်ကြိုက်မြန်မာဝတ္တုတိုများ ဆိုတဲ့စာအုပ်လေးက အရမ်းကောင်းပါတယ်။ ရသစာပေတွေစုစည်းထားတဲ့၊ အနှစ်အရသာရှိတဲ့ စာအုပ်လေးတစ်အုပ်မို့ စာအုပ်စင်မှာသိမ်းဆည်းထားပါတယ်။

လမင်းဝေ said...

အရမ်းကောင်းတဲ့စာအုပ်လေးပါ။
ဒီထက်မက အောင်မြင်ပါစေ။