Wednesday, February 10, 2010

အစိမ်းရောင်နေ့သစ်များ

(၁)


ဒီနေ့က သူမဘ၀အတွက် အဆုံးအဖြတ် တစ်ခုကို သေချာပေါက် ရင်ဆိုင် ရတော့မှာမို့ စိတ်တွေ လှုပ်ရှား နေမိတာတော့ အမှန်ပင်။ ဟန်ချက်မညီချင်တဲ့ ခြေလှမ်းတွေကိုရွေ့လျားလှေကားတွေပေါ်မှာ အဖြတ် သူမအတွက် ပိုနီးလာလေ မသိမသာ ရင် မောရလေပါပဲ။ လေယာဉ်ပေါ်မှာလဲ စိတ်အတွေး တွေက မငြိမ်သက်ခဲ့ . . .
“သမီးချို ကိုယ်နဲ့ ချစ်သူဖြစ်နေတဲ့သူနဲ့ သွားတွေ့ရ တာပဲ ဘာတွေများ ကြောက်စရာရှိလို့လဲ”
သူငယ်ချင်းပေါင်း ပေါင်းတဲ့ မာမီအပြောကို အဖြေပြန်မပေးခဲ့ မာမီမသိဘူးနော်။ သူမ အတွက် အရမ်းခက်ခဲပြီး စွန့်စားရတယ်ဆိုတာကို သူမနဲ့ သူဟာ တကယ်တော့ တရားဝင်ချစ်သူတွေ မဟုတ်ကြသေးပေမယ့် ရှေ့အနာဂတ်အတွက် ဆွေး နွေးခန်းတွေက ဘယ်က ဘယ်လိုတရားဝင်ပြီး မြောက်သွားလဲမသိ။ သူမ စိတ်ထဲသူ့ကို ချစ်သလိုလို မချစ်သလိုလိုနဲ့ . . .
သူမရဲ့ မာမီက “ချစ်ခွန်းချို”ဆိုတဲ့ သူ့သမီးကို ကြည့်နေတတ်သူမို့ သူမပြောင်းလဲခြင်းကို သတိ ထားမိနေတာ ကြာလှပြီပေါ့။ သူမရဲ့ ရင်ခုန်သံနဲ့ ပတ် သက်ပြီး အရွယ်ရောက်လာတကည်းက နားစွင့်နေ တဲ့ မာမီက ပွင့်လင်းစွာ တိုင်ပင်ဖို့ တံခါးတွေ ဖွင့်ထား ပေးတယ်။
သို့ပေမယ့် သူမဘက်က မာမီကိုဖွင့်ပြောပြခွင့် ရဖို့ တစ်စုံတစ်ဦးဆိုတာမရှိခဲ့။ သူမအတွက် အလုပ် ထဲမှာ နှစ်မြှုပ်ပြီး အချိန်အားရင်တော့ စာရေးဖို့ ဗလာ စာရွက်တွေနဲ့ ဘောပင်တွေကို ခုံမင်မိတယ်။ အခန်း အောင်းပြီး ဘ၀၊ ဒဿနနဲ့ အချစ်ဝတ္ထုတွေရေးတဲ့ သူမကို မာမီက လှောင်ပြုံးပြုံးတယ်။ နောက်ကျ တော့လည်း အားပေးတာပဲ။
သူမကို နှလုံးသားမရှိဘဲနဲ့ နှလုံးသားခံစားမှု တွေ ရေးနေတယ်ဆိုတဲ့ သဘော . . .ဒါတွေကို မာမီ မသိပါဘူး။ စာရေးတဲ့သူဟာ ကိုယ်ပိုင်ခံစားချက် အပြင်၊ အငှားခံစားလို့လည်းရတယ်ဆိုတာ လွယ် လွယ်လေး . .
သူမ၀တ္ထုတွေ စပါလာတော့ မာမီက အံ့တွေ သြလို့ အဖေကိုလည်း သိစေချင်တယ် ဒါပေမယ့် အဖေက သူ့သမီး စာရေးတာကို စိတ်ဝင်စား မှာ မဟုတ်သလို အဖေနဲ့ မာမီကြားက အဆီးအတား တစ်ခုကို မကျော်ရဲပါ။ ခေတ်မီတဲ့ မိသားစု အသိုင်း အ၀ိုင်း ကြားမှာ အမေဟာ မာမီဖြစ်သွားပြီး အဖေက တော့ သူ့ကို အဖေလို့ပဲ ခေါ်တာကို လက်ခံ ခဲ့တယ်။ အဖေကတော့ သူမနဲ့ အနည်းငယ်ဝေးပြီး မာမီကို တော့ အရာရာအားကိုးပြီး ပိုနီးခဲ့တယ်။ အဖေနဲ့ မာမီကြားက ညှိမရတဲ့ ဇာတ်လမ်း တစ်ပုဒ်က အဖေနဲ့ သူမကို ပိုပြီး ဝေးကွာသွားစေခဲ့ တယ်။ ဘိုဆန်ပြီး ခေတ်မီပါတယ်ဆိုတဲ့ မာမီက တကယ်တမ်းတော့ သမီးနဲ့ လင်သားအပေါ် တာဝန် ကျေသူ၊ အနေအေးပြီး မြန်မာဆန်လှပါတယ် ဆိုတဲ့ အဖေက ရိုးသားမှုကို ဖောက်ထွက်ပြီး မာမီ နောက် ကွယ်မှာ တိတ်တိတ်လေး ခြေရှုပ်နေခဲ့သူ။
မာမီနဲ့ အဖေစကားများကြရင် အသံဆူလွန်း တဲ့ မာမီကို လွန်တယ်လို့ ထင်ခဲ့ပြီး ဘာတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့နေတဲ့ အဖေ့ကို သနားပိုနေမိသေး တယ်။ မာမီရဲ့ စကားတချို့ကို နားမလည်နိုင်ပေမယ့် အဲဒီနေ့လောက် ဒေါသထွက်တာကိုလည်း တစ်ခါမှ မမြင်ဘူးခဲ့၊ အဖေက “တော်တော့”လို့ ပြောလေ မာမီက . . .
“ငါရှက်တယ် နင်ငါ့ကို အပြီးသတ်သွားပါလား ငါနင့်ကို အရမ်းအထင်သေးတယ် သွားခုထွက်သွား” ဆိုပြီး မောင်းထုတ်တယ်။ အဖေက ဘီရိုထဲက အိတ် တစ်အိတ်ထဲ အ၀တ်အစားတချို့ ပစ်ထည့်ပြီး ထွက် သွားတယ်။ မာမီက ကုတင်ပေါ်မှာ မှောက်ပြီး တရှုံ့ ရှုံ့ငိုတယ်။ အဖေ သူမကို လိုက်ရှာသေးလားတော့ မသိဘူး။
မာမီဆီကိုလာတော့ မာမီက သူမကို ဖက်ငို တယ်။ “ချစ်ခွန်းချို သမီးအဖေ မာမီ့ကို အရှက် ခွဲတယ်။ ဒါကြောင့် နှင်ထုတ်လိုက်ပြီ ငါ့သမီး မာမီကို အပြစ်မတင်နဲ့နော် မာမီ သမီး အဖေကို ရင်ထဲက ပြောမပြတတ်အောင် ချစ်ခဲ့ပါတယ်။ ဒါပေမယ့် မာမီ့ ကို ရက်စက်တယ်။ သမီးလေး မာမီ့ကို ဘာမှမမေးပါ နဲ့နော်။ ငါ့သမီးကိုလည်း သူမချစ်ဘူး မေ့ပစ်ရမယ် နော် သမီး”
သူမ မာမီကို သနားသွားတယ်။ မာမီမကြိုက် တဲ့ မေးခွန်းတွေ သူမမမေးခဲ့ဘူး။ နောက်မှ သိရတာ အဖေက သူ့လက်အောက်ဝန်ထမ်းကောင်မလေး နဲ့ ငြိစွန်းပြီး ကိုယ်ဝန်တောင်ရှိသွားသတဲ့ ဒါကို အဖေ က သူ့အပြစ်သူ ၀န်ခံသလိုလိုနဲ့ သူတာဝန်ရှိကြောင်း ကောင်မလေးကို မယူရင် မထောက်ပံ့ရင် ဟိုဘက် ကလည်း တရားစွဲအရှက်ခွဲမှာဖြစ်ကြောင်း သိရ တယ်။
အဖေက “၀ုန်း”ဆိုပြီး ဒီအကြောင်းတွေ ရုတ် တရက် ဖွင့်ပြောလာတော့ ဘာမှမသိခဲ့တဲ့ မာမီက အံ့သြပြီး ၀မ်းလည်းနည်း ဒေါသတွေလည်း ဖြစ်လာ တာပေါ့။ မာမီ့အသိုင်းအ၀ိုင်းက ဘယ်လို လက်ခံနိုင် ပါ့မလဲ။ အစကတည်းက အဖေနဲ့ ယူတာတောင် သိပ်လက်ခံချင်ခဲ့တာမဟုတ်ဘူး။ ဒီလိုနဲ့ ကလေး တစ်ယောက်လို အိမ်ပေါ်က ဆင်းသွားလိုက်တာ။ အဖေ သတင်းအစအနမရခဲ့ဘူး။ နောက် ခြောက် နှစ်အတွင်းမှာ အဖေ သူ့မိန်းမနဲ့ နယ်လိုက်သွားပြီး နယ်မှာပဲ ဆုံးသွားတယ်ဆိုတာ သိလိုက်ရတယ်။ အဖေက ပန်းနာရင်ကျပ်ရှိတယ်။ အအေးခံလို့မရ ဘူး။ သူ့မိန်းမနေတဲ့ နေရာက တောင်ပေါ်ဒေသ ချင်း ပြည်နယ်ဘက်မှာ။
မာမီကတော့ အဖေ မွေးနေ့ရောက်တိုင်း ခုချိန် ထိ ၀တ္တရားမပျက် ကုသိုလ်ဒါနပြုလုပ်ပေးနေဆဲပါ။ မာမီဟာ အဖေ့ကို အရမ်းယုံကြည်ခဲ့တယ်။ ယုံကြည် ရလွန်းသူရဲ့ ပြစ်ဒဏ်ခတ်မှုလို မာမီခံစားခဲ့ရတာ တော်တော်နဲ့ ဘယ်မေ့ပျောက်နေနိုင်ပါ့မလဲ။ ဒါ ကြောင့် မာမီက လွတ်လပ်စွာ ရွေးချယ်ခွင်ပေ့းထား ပေမယ့် ယောက်ျားဆိုတာ ဒီလိုပါပဲ။ မယုံရဘူးဆိုတဲ့ လက်သုံးစကားကို သုံးလေ့ရှိတယ်။ ဒါကြောင့်လည်း သူမဘ၀ဟာ တစ်ယောက်တည်းပေမယ့် အထီး ကျန်နေတယ်လို့တော့ ကိုယ့်ကိုကိုယ်မထင်မိဘူး။
အထီးကျန်ခြင်းဟာ အတွေးမရှိတဲ့သူလုပ်စရာ အလုပ်မရှိတဲ့သူတွေအတွက်လေ သူမကတော့ ဘ၀အတွက် စာတွေရေးမယ်၊ အလုပ်တွေလုပ်မယ် အဲဒီ မျှော်လင့်ချက်တွေနဲ့ အထီးကျန်ခံစားမှုကို လုံးဝ မကြောက်ရွံ့ခဲ့ပါ။ နောက်တစ်ခုက လက်ထပ်ပြီးရင် တစ်ယောက်နဲ့ တစ်ယောက် အရင်ကလိုချစ်သေး ရဲ့လား၊ ပိုချစ်လာလား၊ ပိုလျော့သွားသလားဆိုတဲ့ မေးခွန်းက ခေါင်းထဲမှာ အကြိမ်ကြိမ်ပဲ။ အရင်က မာမီနဲ့အဖေ အဆင်ပြေနေတာတွေ မြင်လာရတော့ ချစ်ကြတယ်လို့ ထင်တယ်။ နောက်မှ အဖေ့ရဲ့ ဟန်ဆောင်မှုတွေကို မြင်လာရတော့ မာမီ့ကို ကိုယ် ချင်းစာမိတယ်။ အဖေက ဟန်ဆောင်ပြီး မာမီ့ကို ပို ချစ်ပြီး ပိုဂရုစိုက်လာတယ်ဆိုတာသိသာတယ်။ တကယ်တမ်းတော့ အဖေဟာ ဟန်ဆောင်ခြင်း၊ အတတ်ပညာကို ကောင်းကောင်းမတတ်ခဲ့လို့သာ ဒီလို ပုံမှန်မဟုတ်တဲ့ လိုက်လျောခြင်းတွေ ပြုလုပ် ရင်းကနေ မာမီ့အတွက် သံသယ၀င်စေခဲ့တာလေ။
ချစ်လို့ အနစ်နာခံတာ ချစ်လို့ လိုက်လျောတာ မဟုတ်ဘဲ သူ့နောက်ကွယ်က ဇာတ်လမ်းကို မသိ အောင် အကာအကွယ်တစ်ခုဖြစ်စေခဲ့တာ အဖေ့ အမှားပဲ။ မာမီရဲ့ အဆိုအရ ချစ်လို့လုပ်ပေးတာပါ။ ချစ် လို့လိုက်လျောပေးတာပါဆိုတာ တဖက်လူကို စိတ် ဓာတ်ရေးရာအရ အနိုင်ယူလိုက်တာပါတဲ့။ ပျက်စီး စေတဲ့ အပြုအမူမပါဝင်ဘဲ အချိုနည်းနဲ့ တိုက်ခိုက် သိမ်းပိုက်ဖို့ ကြိုးစားဟန်လုပ်နေတယ်လို့ မာမီက မှတ်ချက်ချတယ်။
နောက် အိမ်ထောင်ရေးငြီးငွေ့ ခြင်းဆိုတဲ့ ဖော် မြူလာဟာ လင်မယားနှစ်ယောက်ကြား သက်တမ်း မစေ့ခင်ဆိုက်ရောက်လာမှာပဲ။ ဒါကို ကြိုတင်တား မြစ်ပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် ကာကွယ်ဖို့ နည်းပရိ ယာယ်တွေလိုအပ်တယ်ဆိုတာတော့ မာမီသိထား တယ်။ ဒါပေမယ့် မာမီ့ရဲ့ ကာကွယ်ရေးလက်နက် တွေ ချမသုံးခင်မှာ အဖေဆီက ငြီးငွေ့သံမကြားရဘဲ ရင်ခွင်ပြောင်းသွားတဲ့အဖေ့ကို မာမီဘယ်လိုခွင့် လွှတ်နိုင်မှာလဲ။
အချစ်က အိမ်ထောင်ရေးရဲ့ အဓိကအကျဆုံး အခြေခံအချက်ပဲတဲ့ ဒါဆို အဖေဟာ မာမီ့ကို မချစ် တော့လို့လားဆိုတဲ့ မေးခွန်းကို မာမီက ခေါင်းခါ တယ်။မာမီက “မာမီရော သမီးအဖေရော ချစ်နေ တုန်း သံယောဇဉ်ရှိနေတုန်းပါ။ အိမ်ထောင်သက် ကြာလာရင် ကြိုးတွေဟာ မောင်နှမသံယောဇဉ်နဲ့ တောင် ပိုခိုင်မြဲလာတတ်တယ်။ သမီးအဖေက နေရာသစ်တစ်ခုကို အပြောင်းအလဲအနေနဲ့ အကြီး အကျယ်သာယာသွားတာပါ။ သာယာရုံတင်မကဘူး တာဝန်ယူမှုတွေပါ ပါလာတော့ သမီးပဲစဉ်းစားကြည့် လေ။ မာမီဘယ်လက်ခံနိုင်မလဲ။ မာမီဘက်က ၀တ္တရားမပျက်ခဲ့ပါဘူး။ ဒါကို သမီးသဘောပေါက် တယ်မဟုတ်လား”
မာမီဆိုလိုရင်းကို သူမခေါင်းငြိမ့်လိုက်တယ်။ ဒါကြောင့်လည်း သူမဘ၀မှာ ချစ်သူဆိုတဲ့ ပုံရိပ်တွေ ရှိခဲ့ဖူးပေမယ့် သူမလည်း သာယာခဲ့ရုံသက်သက်ပါ။ တကယ့်ရင်ထဲက နှစ်နှစ်ကာကာဘာမျှမရှိခဲ့။ လက် ဆောင်လေးတွေ အပြန်အလှန်ပေးတာ၊ ဖုန်းဆက် ကြတာ၊ ဟိုနားဒီနားသွားတာတွေဟာ ဘ၀မဟုတ် ပါလားလို့ သူမသိတယ်။ မာမီက သူမအပေါ်နား လည်တယ်။ သူ အဖေနဲ့ ကွဲခဲ့ပေမယ့် ယောက်ျား တွေ အားလုံးကို သိမ်းကြုံးမမုန်းသလို အထူးသဖြင့် သူမအပေါ်လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကိုယ်ပိုင် ဥာဏ်နဲ့ ဆုံးဖြတ်ခိုင်းထားတယ်။
နောက်ဆုံး မာမီရှေ့မှာတင် သမီး ဘယ် ယောက်ျားကိုမှ ကိုယ့်ရင်ထဲက နှလုံးသားနဲ့ ချစ်မရတော့ဘူးလို့ ၀န်ခံခဲ့တယ်။ သူမ စိတ်ထဲလည်း ၀မ်း နည်းလာသလို ခံစားလာရတယ်။ ဒီအချိန် ဒီအရွယ် မှာ ကိုယ်ရော စိတ်တူ တစ်စုံတစ်ဦးကိုတော့ သူမ နှလုံးသားနဲ့ ချစ်ကြည့်ချင်တယ်။ အရင်ရည်းစားကိုတော့ ဆက်လက်ဟန်မဆောင်ချင်တော့သလို တစ်ယောက်ထဲလည်းနေလို့ဖြစ်တာမို့ လမ်းခွဲလိုက်တယ်။
မာမီမေးတိုင်း တွေ့ပေးဖို့ အစီစဉ်မရှိလို့ ငြင်းခဲ့ တယ်။ မာမီက လာစပ်တဲ့သူတွေနဲ့ တွေ့ပေးမယ်ဆို တိုင်းလည်း ငြင်းပယ်ခဲ့တယ်။ မာမီက ငါ့သမီးလေး ချစ်ခွန်းချိုနှစ်သက်မယ့်သူ ဒီကမ္ဘာမှာ မပေါ်သေးဘူး ထင်တယ်လို့ဆိုတယ်။
ဟုတ်မှာပဲ သူမ သူငယ်ချင်းတွေတောင် ကလေးတစ်ယောက်တော့ အနည်းဆုံးရနေကြပြီ။ မာမီ အိမ်ထောင်ပြုတော့ နှစ်ဆယ့်သုံးတဲ့ သူမက နှစ်ဆယ့်ငါးရှိနေပြီ။ ဘ၀လက်တွဲဖော်ဆိုတာ သေချာရှာဖွေဖို့ မလိုဘူးလို့ထင်တယ်။ သေချာ အံဝင်ခွင်ကျရှာဖွေပြီးမှ ရတဲ့အချစ်သည်လည်း ခိုင် မြဲလာမှာမဟုတ်တာတော့ သေချာလှတယ်။




ချောအိမာန်(မန္တလေး)

5 comments:

မြသွေးနီ said...

ဘ၀မှာအချစ်ထက် စာနာမှု၊ နားလည်မှုက အရေးကြီးဆုံးထင်တာဘဲရှင့်။
စာနာနားလည်မှုရှိရင် အချစ်က တန်ဖိုးတက်လာမှာပါဘဲနော်။
မချောအိမာန်ရဲ့ ရွှေအမြူတေမှာ လတ်လတ်ဆတ်ဆတ်ဖော်ပြခံရတဲ့
ဝတ္ထုတိုလေးကိုလည်း နှစ်သက်မိပါတယ်ရှင်။

ဖူးဖူး said...

မရဲ.၀တ္တု ကိုအရမ်းကြိုက်တယ်။

ူလူကလေး said...

ဝတ္ထုလေးက မချောအိမာန်ရဲ.တကယ့်အချစ်ဇက်လမ်းလေူးလာ ပြောပြပါလာ
ချစ်သူကအဝေးမာဆိုဒေါ့လိုက်သွားမှာပေါ့နော်

QQ Dimond said...

ဟုတ်ပါ့..... အစိမ်းကို သိပ်မြတ်နိုးနေတဲ့ ဆရာမက ဒီစာမူလေးကို တကယ့်အဖြစ်နဲ့ရောသမမွှေထားတယ်ထင်ပါရဲ့... ခရီးတစ်ခုအပြီးရေးခဲ့တာဆိုတော့
စိမ်းလန်းခြင်းကို ချစ်တဲ့ ရီဆိုင်ကယ် အချစ်ပေါ့... ချစ်တိုင်းညား ညားတိုင်းလည်းချစ်ပါစေ.....

အားပေးလျက်ပါ...
ကြူကြူးစိန်

QQ Dimond said...

ဆရာမရဲ့ အစိမ်းရောင်နေ့သစ်များက သိပ်အသက်ဝင်တာပဲ။ ဆရာမဆိုဒ်ကလည်း အစိမ်းလွှမ်းနေတယ်နော်။ အစိမ်းနဲ့ အတူ ပျော်ရွှင်နိုင်ပါစေ....