Wednesday, February 10, 2010

အစိမ်းရောင်နေ့သစ်များ 3

(၃)
သူမတို့နှစ်ယောက် လေလှိုင်းထဲမှာ မက်ခဲ့တဲ့ အိမ်မက်တွေဟာ အချိန်တန်သွားပြီ ထင်ပါရဲ့ Asia ကို အလုပ်တွေနဲ့ ရောက်လာတဲ့သူက တွေ့ဆုံရအောင် သူမကို ချိန်းတယ်။ သူမဘက်ကလည်း ကုမ္ပဏီအလုပ် ခရီးစဉ်နဲ့ စင်ကာပူဖိလစ်ပိုင် ဘန်ကောက်ကို သွားရမယ်ဆိုတော့ သူမဘက်က လည်း ခေါင်းငြိမ့် လိုက်တယ်။
မာမီကို ဖွင့်ပြောတော့ သူမသဘောကို နား လည်တဲ့ မာမီက ထုံးစံအတိုင်း ဦးနှောက်ရော နှလုံး သားရော အလုပ်လုပ်ပါလို့ မှာလိုက်တယ်။
ခုဆိုရင် သူဟာ လေဆိပ်မှာ သူမကို စောင့် ကြိုနေလောက်ပြီပေါ့။ အ၀တ်အစားကအစ ဘာဝတ်မယ်လို့ ဘာမှမပြောထားကြတဲ့အတွက် လာကြိုမယ့်သူဟာ သူမကို ဘယ်လိုပုံစံနဲ့ရှာမလဲ။ ရင်မောသလို ရင်လည်းခုန်မိတယ်။ အင်မီဂရေးရှင်း မှာ ဖြတ်အပြီး သူမအိတ်တွေရှိရာကို လျှောက်လာ ခဲ့တယ်။ ဘ၀မှာ ရင်ခုန်ရဆုံး ခြေလှမ်းတွေနဲ့အတူ ကြိုသူတွေရှိတဲ့ဘက် မျက်လုံးဝှေ့ကြည့်လိုက်တယ်။ သူမမှားသွားပြီလားလို့ ဖြတ်ကနဲ တွေးမိတယ်။ တကယ်တမ်းဆို သူဟာ ကြိုမယ့်သူ သူမကို သိ အောင်တော့ ကြိုးစားသင့်တာပေါ့။ ခုတော့ တစ် ယောက်နဲ့တစ်ယောက်မမြင်ဘူးဘဲဘယ်လိုရှာမလဲ။
အိတ်ကို ရွေးပြီး ကြိုတဲ့သူတွေထဲရှာမိတယ်။ သူမကို လှမ်းကြည့်နေတဲ့ တစ်စုံတစ်ဦးကို တွေ့ရ တယ်။ အင်္ကျီအဖြူ ဘောင်းဘီနက်ပြာနဲ့ နက်တိုင် အစင်းလေးနဲ့ သူ့ကို သူမလည်း ပြန်ကြည့်နေမိ တယ်။ သူလား . . .
ခြေလှမ်းတွေက တဖြည်းဖြည်းနီးလာတယ်။ သူက သူမထွက်လာရာ မှန်တံခါးပေါက်ဘက် လျှောက် လာတယ်။ ခြေလှမ်း ဆယ်လှမ်းလောက်အကွာမှာ သူ သူမကို လှိုက်လှိုက်လှဲလှဲပြုံးပြတယ်။
နောက် သူမကို လက်ကမ်းပေးတယ်။
အိုး သူ သေချာသွားပြီလား။
သူဟာ တကယ်ကို ချောမောလှပမနေပေမယ့် ကြည့် ကောင်းတဲ့ လူတစ်ယောက်ပေါ့။
“ချစ်ခွန်းချို နေကောင်းတယ်နော်”
သူ့ရဲ့ လှိုက်လှိုက်လှဲလှဲ စကားသံကို ခေါင်းငြိမ့်လိုက် တယ်။ သူမကို သူ ဘယ်လိုသိနေခဲ့လဲဆိုတဲ့ အမေး ကို
“မနေ့ညကမှ အသည်းအသန်ချို့ဘလော့ကို ရှာပြီး ကြည့်ခဲ့တယ်။ သူငယ်ချင်းကပြောတယ် ချို ဘလော့ မှာ ဓာတ်ပုံတင်ထားတယ်လို့။ ကိုယ်က လာကြိုရမှာ ဆိုတော့ မမြင်ဘူးလို့မဖြစ်ဘူး”
“သြော် ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက်မြင်ဖူး အောင် ဘာလို့မကြိုးစားခဲ့ကြပါလိမ့်နော်”
“ကိုယ်က ရိုးရိုးသားသားနဲ့ အမှန်တကယ်ချစ်တာကို လိုချင်တာလေ For Me You Like a doll, You Like aToy”

ဆိုပြီးသဘောကျစွာရယ်မောပါတယ်။
သူမလည်း မထင်မှတ်ဘဲ သူ့ရဲ့ မျက်နှာကို ကြည့်ရင်း ရယ်မောမိတယ်။
သူမတို့နှစ်ယောက်ရဲ့ ညတွေဟာ အရင်က ထက် ပိုလင်းလာသလို ခံစားရတယ်။
___________
မာမီရေ ချို ဦးနှောက်ရော နှလုံးသားရော အလုပ်လုပ်ခဲ့ပါတယ်။ သူက ချိုထင်ထားတာထက် ကို တော်တဲ့သူတစ်ယောက်ဖြစ်ပြီး ချို့ကိုလည်း ဂရု စိုက်ပါတယ်။ ချိုကျေနပ်မိတယ်မာမီ။
ချို သူ့ကို အဖြေအတိအကျပေးဖြစ်သွားမယ် ထင်ပါရဲ့ ချိုနဲ့သူ အခုဘာတွေလုပ်နေလဲသိလား။ သူ လုပ်နေတဲ့Green နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ၊ ဆွေး နွေးပွဲတွေမှာ ချိုတို့နှစ်ယောက် အတူလုပ်ဖြစ်ကြ တယ်။ ချို့အလုပ်တွေကိုလည်း သူကူညီတယ်။ ချို စာတွေလည်း ပိုရေးဖြစ်တယ်။
နောက်နှစ်ရက်လောက်ဆို ဖိလစ်ပိုင်က ကျွန်း ငယ်လေး ဘက်သွားမယ်။ အဲဒီမှာ မြေဆီလွှာ ပျက်စီးထိန်းသိမ်းမှုကို ကာကွယ်ဖို့ ကြိုတင်ပြင် ဆင်နေပြီ။ အဲဒီပရော့ ဂျက်မှာ ချိုပါ ပါဝင်ခွင့်ရလို့ ၀မ်းသာတယ်မာမီ။ ပြီး ရင် တတ်နိုင်သလောက်Greenကို ထိန်းသိမ်းတဲ့ အနေနဲ့ သစ်ပင်တွေ စိုက်ပျိုးကြဦးမှာ။ ဒီမှာGreenတွေကို ဦးစား ပေးတဲ့ စာအိတ်တွေ၊ ဈေးဝယ်အိတ်တွေကို သုံး လာပြီ။ အ၀တ်စအိတ်၊ ချည်အိတ်တွေက မြေဆီလွှာ ဆုံးရှုံးမှုကို သက်သာစေတယ်။Green ကို အမြဲ အမှတ်ရနေစေဖို့ ကြော်ငြာဆိုင်းဘုတ်တွေ လက် ကမ်းတွေကအစ အစိမ်းရောင်ကို သုံးထားကြ တယ်။
ချိုလည်းမြန်မာပြည်ကို ပြန်ရောက်ရင်Greenဦးစားပေးလုပ်ငန်းတွေကို ဆောင်ရွက်ချင်တယ်။ ချို တို့ တိုင်းပြည်က ပူတယ်မဟုတ်လား။ မန္တလေး တောင်ဆိုရင် အပင်တွေမျိုးပြုန်းတာကြာလှပေါ့။ ကျုံးဘေးက ကုက္ကိုပင်ကြီးတွေကို လွယ်လွယ်ကူကူ ခုတ်ပစ်တာလည်း နှမျောတယ်။ မန္တလေးတောင် တက်အပင်ပွားလေးတွေယူပြီး စိုက်ဖို့စိတ်ကူးတယ်။ ဒီမှာ အသီးအရွက်တွေကို ခြံကျယ်တဲ့သူတွေက အိမ်တင်စိုက်ပျိုးပြီး ကိုယ့်ရပ်ကွက်ထဲမှာ ဈေး သက်သက်သာသာနဲ့ ပြန်ရောင်းပေးတယ်။ Not Spray ဆိုပြီး တံဆိပ်တပ်ရောင်းတယ်။ ကျန်းမာ ရေးအတွက်လည်း ကောင်းတယ်။ သန့်ရှင်းလတ် ဆတ်တယ်။ ဒါမျိုးစနစ်တွေများလာရင် သယ်ယူပို့ ဆောင်ရေးစရိတ်သက်သာပြီး အိတ်ဇောငွေ့ ထွက် နှုန်းလည်း လျှော့နည်းလာမယ်။ အဲဒီအတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်တယ်။ အနည်းစုကနေ အများစုဖြစ်လာရင် အကျိုးသက်ရောက်မှု ပိုများလာလေပဲ။
မာမီ လည်း အိမ်ထဲမှာ အပင်တွေကိုရှုပ်လို့ ဆိုပြီး လျှောက်မခုတ်နဲ့နော်။ ဒီမှာတော့ အပင် တွေကို အရမ်းတန်ဖိုးထားကြတယ်။ အိမ်ရဲ့ မြေပို နေရာတွေမှာGreen Grass တွေ စိုက်ပျိုး ထားကြ တယ်။ အိုကေလေ မာမီ နောက်မှဆက်ရေးမယ်။
ချစ်တဲ့
ချို
ခေတ္တ စင်ကာပူ

အီမေးလ်က ပို့တဲ့ စာလေးကို ဖတ်ပြီး မာမီပြုံးနေမှာ သေချာပါတယ်။
သူမကတော့ သူမရင်ခုန်သံကို ပြန်တွေ့ရလို့ အရမ်း ပျော်ရွှင်ခဲ့ရပါတယ်။ ဖုန်းနံပါတ်လေးတစ်ခုနဲ့ လေလှိုင်းထဲက ရင်းနှီးခွင့်ရတဲ့ ချစ်သူရဲ့ ပခုံးထက်မှာ နွေးထွေးခြင်းနဲ့ စိမ်းရောင်သင်္ကေတတွေကို သူမ မက်မောတယ်။
အစိမ်းရောင်ဟာ သူမတို့နှစ်ယောက်ကြားမှာ စိမ်းကားခြင်းမဟုတ်ခဲ့ပါဘူး။ စိမ်းလန်းတဲ့အတွေး တွေနဲ့ စိမ်းလန်းတဲ့ မြေကမ္ဘာနေ့တွေထဲ အတူလက် တွဲလျှောက်ဖို့ မျှော်လင့်ချက်အပြည့် ရည်ရွယ်ချက် အပြည့်တွေနဲ့ပေါ့။

ချောအိမာန်(မန္တလေး)
၂၇.၆.၀၉
2:00PM

3 comments:

ချော said...

မချောအိမာန်ရေ
ကမ္ဘာမြေကြီး ထာဝရစိမ်းလန်းပါစေ...
မချောလဲ အစိမ်းရောင်ကြားမှာ ထာဝရပျော်ရွှင်ပါစေ..
ဖတ်ရတာ ကြည်နူးစရာလေးမို့ ကြည်နှုးချမ်းမြေ့စွာ ခံစားရပါတယ်..
ထက်ရှတဲ့ ကလောင်သွားနဲ့ လူတွေရဲ့ ရင်ကို ထွင်းဖောက်နိုင်ပါစေရှင်....

ချစ်ကြည်အေး said...

တကယ်လို့များပေါ့ ချောရယ်...အဲဒီလူဟာ တော်တော်လေး ရုပ်ဆိုးနေခဲ့ရင်...ဘယ်လိုမှ ရင်မခုန်နိုင်လောက်အောင် ဖြစ်သွားခဲ့ရင်...ချစ်ခွန်းချို ဘယ်လိုများ ဆုံးဖြတ်မှာပါလိမ့်၊ တော်သေးတာပေါ့ အရေးကြီးဆုံး ဒီလူရဲ့ စိတ်ဓါတ်လေး နဲ့ အရည်အချင်းလေး ကယ်သွားလို့...၊ နောက် ရုပ်ရည်လေးက ကြည့်ကောင်းနေခဲ့လို့၊ ချစ်ခွန်းချို နဲ့ အတူ ရင်တောင် ခုန်မိတယ်...:)

ူလူကလေး said...

တကယ်လို့များပေါ့ ချောရယ်…အဲဒီလူဟာ မိန်းမနဲ့ကလေးရှိနေတယ်ဆိုတာမသိလိုက်၇ှာဘူးချစ်ခွန်းချိုဖို့အတော်သနားစ၇ာကောင်းမှာနော်